ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်ခမ် ချောင်ဒရီ အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဧပြီ    ၁၉


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်သည်    တာဝန်ပြီးဆုံး၍      မြန်မာနိုင်ငံမှ     ပြန်လည်ထွက်ခွာ တော့မည့်  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ    သံအမတ်ကြီး   မစ္စတာ မန်ဂျူရူလ် ကရင်ခမ် ချောင်ဒရီ အား   ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ    အပြည်ပြည်ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့တွေ့ဆုံစဉ်       မြန်မာ-ဘင်္ဂလားဒေ့ရှ်   နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါ အဝင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများနှင့်   ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု  ပိုမိုမြှင့်တင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။                      

သတင်းစဉ်