
နေပြည်တော် ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန ၁၀ ခုတို့မှ ဝန်ထမ်းများ၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ဖျော်ဖြေ ခဲ့ကြသည့် ဝန်ထမ်းများ ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့် ဦးထွန်းအုံနှင့် တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ ကူညီပံ့ပိုးပေးခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ဝန်ကြီး ဌာနစိတ်ဓာတ်၊ အနုပညာသမားပီသသော အနုပညာ သည်စိတ်ဓာတ်၊ နိုင်ငံ့ဝန်ထမ်းကောင်း ပီသသော နိုင်ငံ့ဝန်ထမ်းစိတ်ဓာတ်အပြည့်အဝဖြင့် မိမိဝန်ကြီး ဌာနက ဆောင်ရွက်ရသောလုပ်ငန်းတာဝန်များကို အပြည့်အဝထမ်းဆောင်ခဲ့ကြသည်ကို မြင်တွေ့ရပါ ကြောင်းနှင့် ဂုဏ်ပြုချီးမွမ်းထိုက်သူများ ဖြစ်ကြပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန ၁၀ခုတို့မှ ဝန်ထမ်းများ၊ ပြည်နယ်/ တိုင်းဒေသကြီးများ၏ အမည်စာလုံး သရုပ်ဖော်ဆောင်ရွက်နိုင်ရေး ပါဝင် ကြီးကြပ်ခဲ့သော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်နှင့် ဝန်ထမ်း များ၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေပွဲတော် ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် အနုပညာ ဦးစီးဌာနမှ အငြိမ်းစား ဂီတပညာရှင် သုံးဦးနှင့် အနုပညာရှင်ဝန်ထမ်းများ၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ တက်ရောက်ရန် လာရောက်ကြ သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကို ကြီးကြပ် ကူညီဆောင်ရွက်ပေးခဲ့သည့် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဒုတိယပါမောက္ခ ချုပ်နှင့် နည်းပြများ၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားတွင် နောက်ခံ LED ပုံရိပ်ပိုင်းဆိုင်ရာများကို ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့သော Myanmar Computer Company L.td.(MCC)မှ ကျောင်းအုပ် ဦးကျော် သက်အောင်နှင့် နည်းပြများအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ် များက လက်ခံရယူခဲ့ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ဦးစီးဌာနများ၏ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်