
နေပြည်တော် ဧပြီ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ရီသည် ရုရှား - မြန်မာ ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ဓာတ်သတ္တု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး များ၊ ဌာနအကြီးအမှူးများ၊ ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်