ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းအား အလွတ်သဘောတွေ့ဆုံ


 

နေပြည်တော် ဩဂုတ် ၂၄


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်သည် ဩဂုတ် ၂၂ ရက် ညနေပိုင်း တွင် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ Happy Restaurant ၌ အလွတ်သဘောတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ အလွန်တွင် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန် ပြင်ဆင်ဆောင် ရွက်ရမည့်ကိစ္စရပ်များ၊ ခရီးစဉ် ဒေသအသစ်များ ဖော်ဆောင်ရေးနှင့် သန့်ရှင်းသာယာလှပပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သော ခရီးစဉ်ဒေသများ ဖြစ်အောင် သက်ဆိုင်ရာ ခရီးစဉ်ဒေသ များတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ (Destination Manage- ment Organization- DMO) များ လိုအပ်သလို ဖွဲ့စည်းဆောင်ရွက် နေမှုများ၊ လူထုအခြေပြုခရီးသွား လုပ်ငန်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်စားအားကစားခရီးသွားလုပ်ငန်း (Sport Adventure Tourism) များ အတွက် SOP များ ရေးဆွဲဆောင် ရွက် နေမှုများနှင့် Digital Marketing ကို အသုံးပြု၍ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးတင် လတ်က ယခု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ပင်မစီမံကိန်း (၂၀၂၁-၂၀၂၅)ကို ယခင်ဆောင်ရွက်ခဲ့သည့် (၂၀၁၃-၂၀၂၀)ပင်မစီမံကိန်းမှ အချက်အလက် များနှင့် Myanmar Sustainable Development Plan (MSDP) ကို အခြေခံ၍ ငါးနှစ်စာ စီမံကိန်းအဖြစ် ရေးဆွဲနေပါကြောင်း၊ ခရီးသွား လုပ်ငန်း ပင်မစီမံကိန်းကို လိုအပ်လျှင် Upgrade ပြုလုပ်နိုင်အောင် ရေးဆွဲ လျက်ရှိပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း များအနေဖြင့် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်၍ ဝိုင်းဝန်းအတည် ပြုပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လေ့ကျင့်ရေး နှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြား ရေးမှူးက စီမံကိန်းပါ အချက်အလက် များကို အသေးစိတ်ရှင်းလင်းတင်ပြ ပြီး တက်ရောက်လာကြသည့် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြင်ဆင်ဖြည့်စွက် လိုသည်များကို အကြံပြုဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။ သတင်းစဉ်