
နေပြည်တော် အောက်တိုဘာ ၁၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့၌ ကျင်းပပြုလုပ်သော Rus-sian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ သည် အောက်တိုဘာ ၁၁ ရက် တွင် ORGRES ကုမ္ပဏီနှင့် ရုရှား ကုန်သည်ကြီးများ အသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ ရုရှားနိုင်ငံမှ ရေအား လျှပ်စစ်နှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လိုသော ORGRES ကုမ္ပဏီမှ Mr. Alexander Naza-rov နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရုရှား ကုန်သည်ကြီးများ အသင်း၏ ဥက္ကဋ္ဌ Mr. Victor Nikolaevich Chemodanov နှင့် တွေ့ဆုံ၍ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်