
နေပြည်တော် ဧပြီ ၂၆
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန်ဆက်ဆံ ရေး ထူထောင်ခဲ့သည့် (၇၅)နှစ် မြောက် နှစ်ပတ်လည်အထိမ်း အမှတ်နှင့် တိုက်ဆိုင်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး မဟာ ဗျူဟာ အစီအစဉ်များအနက် တစ်ခုဖြစ်သော ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်ရေး မဟာ ဗျူဟာဆိုင်ရာကွန်ဖရင့်ကို ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် Moscow State Institute of International Relations (University) of the Ministry of Foreign Affairs of the Russian Federation (MGIMO) ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်သော်က အွန်လိုင်းမှ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားရာ ယနေ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ခိုင်မာပြီး တူညီသောအကျိုးစီးပွား၊ တန်ဖိုးထားမှုများနှင့် အပြန် အလှန် နားလည်သော ချစ်ကြည် ရင်းနှီးမှုများရှိပါကြောင်း၊ ပထဝီဝင် အနေအထားရ ခြားနားနေသော် လည်း ပြည်သူအချင်းချင်း အပြန် အလှန် ကူးလူးဆက်သွယ်မှုတို့မှ တစ်ဆင့် အဆိုပါစိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ထိုမှတစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊ခရီးသွား လုပ်ငန်း၊ စက်မှုလုပ်ငန်း စသော အလားအလာရှိသည့် ကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်း ဆောင်ရွက်နိုင်ပါကြောင်း၊ ယခု ကွန်ဖရင့်မှတစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အကောင်အထည် ဖော်နိုင်ရန် ထိရောက်သော မဟာဗျူဟာများ ဆွေးနွေးဖော်ထုတ်ရန် အရေးကြီး ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး၊ MGIMO တက္ကသိုလ်မှ နိုင်ငံတကာ ရေးရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စတနီစလပ် ဆူရိုဆပ် တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ထို့နောက် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့များက နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စ ရပ်များ၊ သံတမန်ရေးရာကိစ္စရပ် များ၊ ပညာရေးနှင့် နည်းပညာ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကွန်ဖရင့်သို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သံအမတ်ကြီးနှင့် သံရုံး ဝန်ထမ်းများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) စစ်သံမှူးနှင့် စစ်သံရုံး ဝန်ထမ်းများ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရုရှားနိုင်ငံ MGIMO တက္ကသိုလ်၊ နိုင်ငံတကာရေးရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စတနီစလပ် ဆူရိုဆပ်နှင့် တက္က သိုလ်မှ တာဝန်ရှိသူများ၊ ASEAN Centre၊ Peoples’ Friendship တက္ကသိုလ်၊ ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်း၊ Escape Tech LLC ၊ Rosatom Technical Academy၊ ရုရှား-အာဆီယံစီးပွား ရေးကောင်စီနှင့် ရုရှားဖက်ဒရယ် သုတေသနဌာနမှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ကြသည်။ အဆိုပါကွန်ဖရင့်ကို ဧပြီ ၂၂ ရက် မှ ၂၉ ရက်အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာ စဘတ်မြို့တို့တွင် ကျင်းပပြုလုပ် လျက်ရှိသည်။
ပြည်ထောင်စု ဝန်ကြီးသည် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ- စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖိုရမ်သို့ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
အဆိုပါဖိုရမ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ဖိုရမ်က နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပူးပေါင်းဆောင်ရွက်နိုင် မည့်အခြေအနေများ၊ အတွေး အမြင်များနှင့် အကြံဉာဏ်ကောင်း များကို ဖလှယ်နိုင်မည့် စင်္ကြံ တစ်ခုဖြစ်လာမည်ဟု ယုံကြည် ပါကြောင်း၊ နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရေးနှင့် ငွေကြေးသုံးစွဲမှု စနစ်ကိစ္စရပ် (၂) ခုသည် အရေးပါ သော ကိစ္စရပ်များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမို လာရောက်လည်ပတ်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပါဝင်သော ဦးဆောင်ကော်မတီနှင့် လုပ်ငန်း အဖွဲ့အား ဖွဲ့စည်း၍ “Welcome Russia” အစီအစဉ်ကို အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ကနဦး အစီအစဉ်အဖြစ် ဝန်ကြီးဌာနနှင့် ရုရှား - မြန်မာ ချစ်ကြည်ရေး အသင်းတို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ဧပြီ ၁၁ ရက်နေ့မှ ၁၉ ရက် အထိ ရုရှားနိုင်ငံမှ တေးသံရှင် များ၊ ဗီဒီယိုရိုက်ကူး ထုတ်လုပ် သူများ၊ ဘလော့ဂါများ ပါဝင်သော အဖွဲ့၏ မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီးစဉ် လာရောက်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ကိုဗစ်-၁၉ မတိုင်မီ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၄ ဒသမ ၃၆ သန်း ဝင်ရောက်ခဲ့ရာတွင် ရုရှား ခရီးသွားဧည့်သည် အများအပြား လာရောက် လည်ပတ်ခဲ့သည့် သာဓကများရှိခဲ့ပါကြောင်း၊ ရုရှား ခရီးသွားဧည့်သည်များ ပိုမို လာရောက် လည်ပတ်နိုင်ရေး အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းများ၊ နှစ်နိုင်ငံသံရုံးများ၊ ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များ၏ အားပေးကူညီမှုများဖြင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွား ဧည့်သည်များ လွယ်ကူအဆင်ပြေ စွာ အပြန်အလှန် သွားလာ လည်ပတ်နိုင်ရေး၊ စီးပွားရေးအခွင့် အလမ်းများ ပိုမိုရရှိလာရေးနှင့် နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ကူးလူးယှက်နွယ်မှု တိုးမြှင့်ရေး ပိုမိုပူးပေါင်း ဆောင်ရွက်လိုပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွား မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိရာ ရုရှားနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ မီဒီယာများနှင့် ကျော်ကြားသူများအား ချစ်ကြည် ရေး အလည်အပတ်ခရီးစဉ်များ ဖိတ်ခေါ်ဆောင်ရွက်လိုပါကြောင်း၊ ယနေ့ကျင်းပသည့် ခရီးသွား လုပ်ငန်းဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် အစိုးရနှင့် ပုဂ္ဂလိကများအကြား ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မည် ဟု ယုံကြည်ပါကြောင်း၊ ရုရှား ခရီးသွား ဧည့်သည်များအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရေးအတွက် ဖိတ်ခေါ်လို ပါကြောင်း ပြောကြားသည်။
ထို့နောက် စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီမှ ဒုတိယအကြီး အကဲ မစ္စနာနာအမ်ဂါဗီချီရာက အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဗီဒီယိုအားပြသ၍ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ မျိုးအောင်က မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်း များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာအပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်းမှ စီးပွားရေးဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာတန်နက်စ်ကူမာ (အန်)မာနီယန် က MAI မှ ပြေးဆွဲ နေသော လေကြောင်းလိုင်းများနှင့် လေကြောင်းခရီးစဉ် အတွင်း လိုက်နာရမည့် စည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းရှင်များက ခရီး သွားလုပ်ငန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန် အလှန် အမြင်ချင်းဖလှယ်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗီချယ်စလာ့ကဘ်ဂါနိုဗ့် က ဖိုရမ် ကျင်းပပြုလုပ်ခြင်း ကြောင့် ရရှိသည့် အကျိုးကျေးဇူး များကို ဆွေးနွေးပြောကြားသည်။
အဆိုပါဖိုရမ်သို့ စိန့်ပီတာ စဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီမှ ဒုတိယ အကြီးအကဲ မစ္စနာနာအမ်ဂါဗီ ချီရာ၊ စိန့်ပီတာစဘတ် ပြည်ပ ဆက်ဆံရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာဗီချယ်စလာ့ကဘ်ဂါနိုဗ့်နှင့် ရုရှားခရီးသွားကုမ္ပဏီ များ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ များမှ ဥက္ကဋ္ဌများ၊ အလုပ်အမှု ဆောင်များ၊ အထွေထွေအတွင်း ရေးမှူးများ၊ Myanmar Airways International (MAI) မှ စီးပွားရေး ဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ တန်နက်စ်ကူမာ(အန်) မာနီယန် တို့က အွန်လိုင်းမှ ပါဝင်တက် ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်