ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ် တက်ရောက်

 

နေပြည်တော်  စက်တင်ဘာ ၁၆


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး  ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌  ရောက်ရှိနေသော စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး    ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက   Nanning International  Convention and Exhibition Center (NICEC) တွင် ကျင်းပသည့်  မန္တလေးတိုင်းဒေသကြီးကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေး ဖိုရမ် သို့    တက်ရောက်၍    မိန့်ခွန်း ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးက ပြော ကြားရာ၌    မန္တလေးမြို့သည် မြန်မာ-တရုတ်     အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွင် အရေး ပါသည့် တရုတ်-မြန်မာ မီးရထား လမ်းစီမံကိန်း၊  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)စီမံကိန်း၊ မဟာ မဲခေါင်ဒေသခွဲ  (GMS) ၏ အရှေ့အနောက် စီးပွားရေးစင်္ကြံ နှင့်    တောင်မြောက်စီးပွားရေး စင်္ကြံများဖြင့် ချိတ်ဆက်နေသည့် ကုန်သွယ်ရေး လမ်းကြောင်းများ ၏ ဗဟိုချက်တွင်  တည်ရှိသော ကြောင့်     တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌    နှစ်လိုဖွယ်ရာ မြို့တော် (City of Charm)အဖြစ် ရွေးချယ်ပြသခြင်း ဖြစ်ကြောင်း၊ မန္တလေးမြို့သည်     ဒေသတွင်း ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သော       စီးပွားရေးစင်္ကြံ လမ်းကြောင်းများ၏ လမ်းဆုံ၌ တည်ရှိကြောင်း၊ ထို့ကြောင့် တရုတ် နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့်   အလားအလာရှိသည့် စားသောက်ကုန်    ထုတ်လုပ်မှု လုပ်ငန်း၊   အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည်  လုပ်ငန်း၊     ပြည့်ဖြိုးမြဲစွမ်းအင်  ထုတ်လုပ်မှုလုပ်ငန်း၊   ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း များတွင် လာရောက်ရင်းနှီးမြှုပ်နှံ နိုင်ကြောင်း     အလေးအနက် ပြောကြားသည်။


ထို့နောက်    မန္တလေးတိုင်း ဒေသကြီး   စည်ပင်သာယာရေး ဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း နှင့် မန္တလေးတိုင်းဒေသကြီး စီးပွား ရေးဝန်ကြီးဦးသိန်းဌေးတို့က အဖွင့်  အမှာစကားများ ပြောကြားသည်။ အဆိုပါဖိုရမ်သို့    မြန်မာနိုင်ငံမှ အစိုးရ    ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တရုတ် နိုင်ငံမှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံညီလာခံ ဒုတိယဥက္ကဋ္ဌ မစ္စတာဟွမ်ကျွင့်ဟွာနှင့်   စီးပွား ရေးလုပ်ငန်းရှင်များ  တက်ရောက် ခဲ့ကြသည်။  ဖိုရမ်တွင်   မန္တလေး မြို့သာစက်မှုဇုန်စီမံကိန်း၊ အမရ ပူရ  ခရီးသွားစီမံကိန်း၊  မင်္ဂလာ မန္တလေးစီမံကိန်း၊ ရေတံခွန်တောင်  မြို့တော်စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ     ကဏ္ဍများနှင့် ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်း အလိုက်    တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။ 


မန္တလေးတိုင်း    ဒေသကြီး ကုန်သွယ်မှု၊   ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေး ဖိုရမ် တွင် Cooperation Agreement  of Luban Workshop Operation Project in Myanmar ၊ စီးပွားရေး ပူးပေါင်း   ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ    နှစ်ရပ်၊ ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင် ရေး   ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပျားရည် ရောင်းဝယ်မှုဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေး  သဘောတူစာချုပ် စသည့် သဘောတူညီချက် ငါးရပ် ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်