ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

 

နေပြည်တော်  စက်တင်ဘာ  ၂၀


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးသည်  ဂျပန်-မြန်မာ     ချစ်ကြည်ရေးအသင်း၏   ဒုတိယဥက္ကဋ္ဌ Mr. Watanabe Yusuke  ဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့အား   ယနေ့နံနက်  ၁၀  နာရီတွင်  ပြည်ထောင်စု ဝန်ကြီး၏ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်  ဂျပန် - မြန်မာ   ချစ်ကြည်ရေးနှင့်  စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။  


တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  


သတင်းစဉ်