
မုံရွာ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တွင် ရောက်ရှိနေသည့် တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်း တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။
ကူညီဆောင်ရွက်
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၌ တိုင်းရင်းသား လူမျိုး ပေါင်းစုံရှိကြရာ တိုင်းရင်းသား များအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများရှိကြပါကြောင်း၊ အဆိုပါ ယဉ်ကျေးမှုများကို သိရှိပြီး တိုင်းရင်းသားများအား ကိုယ်ချင်း စာတရား၊ ပြည်ထောင်စု စိတ်ဓာတ်တို့နှင့်အညီ နားလည်မှု ရှိစွာ ကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသ ကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများနှင့် ပတ်သက်၍ ပိုမို သိရှိထားရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် ဒေသရှိ တိုင်းရင်းသားများ၊ ကွယ်ပျောက်လုနီးပါး ဖြစ်နေ သော တိုင်းရင်းသားများကိုလည်း ပိုမိုသိရှိကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ သည် နိုင်ငံဝန်ထမ်းများပီပီ ပါတီ နိုင်ငံရေး ကင်းရှင်းရမည့်အပြင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ လိုက်နာရန် လိုအပ် ပါကြောင်း၊ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို သိရှိပြီး ကျင့်ကြံ ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ဝန်ထမ်း များဖြစ်သည်နှင့်အညီ လူမှု ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်မှု ရှိသူများဖြစ်ရန်လည်း လိုပါ ကြောင်း၊ မိမိထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို သိရှိပြီး ကျွမ်းကျင်စွာ ဆောင်ရွက်တတ် ရန်လိုပါကြောင်း၊ တာဝန်ထမ်း ဆောင်ရာတွင်လည်း စိတ်ဓာတ် ကောင်းမွန်ရန်၊ စည်းကမ်းရှိရန်၊ စည်းရုံးတတ်ရန်နှင့် စည်းလုံး ညီညွတ်မှုရှိကြရန် လိုအပ်ပါ ကြောင်း၊ စည်းရုံးရေးမှူးကောင်းများဖြစ်အောင်လည်း ကြိုးစား သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ဆောင်ရွက် နေသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ကို သိရှိ နားလည်ပြီး မိမိကျရာကဏ္ဍ အလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးစားဆောင် ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေ များကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များ နှင့်အညီ သုံးစွဲဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ သက်သာချောင်ချိ ရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုပြု ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း မှာကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များ နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဦးစီးဌာနနှစ်ခုမှ တာဝန်ခံအရာ ထမ်းများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေနှင့် အခက်အခဲ များကိုလည်းကောင်း ဆွေးနွေး တင်ပြကြပြီး ညွှန်ကြားရေးမှူး ချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြ သည်။
ပိုမိုထိန်းသိမ်းမြှင့်တင်
တင်ပြချက်များနှင့် ပတ်သက် ၍ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအတွက် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စ ရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ဖွံ့ဖြိုးမှု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်