ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မတ်    ၂၀


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့်အတူ မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်   ဝဲကလိကျေးရွာအုပ်စု   ဝဲကလိ- အိုင်ရှည်လမ်း   သုံးမိုင်အနက်  တစ်မိုင် ၃   ဖာလုံ    အပြီးသတ်ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း   ရာနှုန်းပြည့်ပြီးစီးမှုကို   ကြည့်ရှုစစ်ဆေးပြီး မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများကို လမ်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် လိုအပ်သောနေရာများတွင် အလင်းဖွင့်ခြင်းများ ဆောင်ရွက်ရန် နှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားခဲ့ပြီး လမ်းဖောက်လုပ်ပြီးစီးမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 


အဆိုပါ       လမ်းပိုင်းသည် ဝဲကလိကျေးရွာနှင့်      အိုင်ရှည် ကျေးရွာရှိ အိမ်ထောင်စု ၄၆၈ စု၊ လူဦးရေ    ၁၇၇၁    ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုလျက်        ရှိ ကြောင်း သိရသည်။

 


ဖြည့်ဆည်းဆောင်ရွက်


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်      အဆိုပါ လမ်းပိုင်းပေါ်ရှိ  အိုင်ရှည်ကျေးရွာ အခြေခံပညာ       အလယ်တန်း ကျောင်း  (ခွဲ) သို့   ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊  ဆရာ  ဆရာမများနှင့်     တွေ့ဆုံကာ ကျောင်း၏    လိုအပ်ချက်များကို မေးမြန်း၍ စာသင်ဆောင်၊ ကွန်ပျူ တာ၊ ဆိုလာမီးနှင့် ဆက်စပ်ပစ္စည်း များ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်   အဖွဲ့သည်   မုဒုံမြို့ရှိ  အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း သို့ ရောက်ရှိခဲ့ပြီး သင်တန်းသူများ ၏  လေ့ကျင့်သင်ကြား  ချုပ်လုပ် ထားရှိသည့် အဝတ်အထည်များ နှင့်    လူအသုံးအဆောင်ပစ္စည်းများ၊    သင်တန်းခန်းမများတွင် သင်တန်း သူများ၏ လေ့ကျင့်သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာတို့ကိုလှည့် လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


 အသေးစိတ်မှာကြား


ပြည်ထောင်စုဝန်ကြီး     နှင့် အဖွဲ့သည် မတ် ၁၉ ရက် ညနေ ပိုင်းတွင်    မော်လမြိုင်မြို့ရှိ    မွန် ပြည်နယ်   ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးသို့   ရောက်ရှိခဲ့ပြီး     ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း၊    ပညာ ရေးနှင့်     လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်       တာဝန်ခံအရာရှိက သင်တန်းကျောင်းများ     ဆိုင်ရာ အချက်အလက်များကို      လည်း ကောင်း ရှင်းလင်းတင်ပြရာ ပြည် ထောင်စုဝန်ကြီးက လိုအပ်သည် များ    ဖြည့်ဆည်းမှာကြားသည်။ ထို့နောက် ဝန်ထမ်းများကို ဒေသ ဖွံ့ဖြိုးရေး       လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း မှာကြားခဲ့ပြီး    ဝန်ထမ်းအိမ်ရာ များနှင့်           ယာဉ်ယန္တရားများ ထိန်းသိမ်းထားရှိမှုကို    ကြည့်ရှု စစ်ဆေးသည်။

 


ပြည်ထောင်စု   ဝန်ကြီးသည် ယနေ့         နံနက်ပိုင်းတွင်လည်း ကျိုက်မရောမြို့နယ်      ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့်     ဝန်ထမ်း အိမ်ရာများအား    သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်