ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   နိုဝင်ဘာ   ၉


နယ်စပ်ရေးရာ     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင် သည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏    လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး Mr. Raouf Mazou ကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နယ်စပ်ရေးရာဝန်ကြီး ဌာန    ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။


လူမှုစီးပွားဘဝများတိုးတက်


တွေ့ဆုံစဉ် နယ်စပ်ဒေသများ တည်ငြိမ်‌အေးချမ်းရေး၊    ဖွံ့ဖြိုး တိုးတက်ရေး၊ နယ်စပ်ဒေသများ တွင်နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏    လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်    လူ့ စွမ်းအားအရင်းအမြစ်     ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် ပေးနေမှုများ၊     ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး   ကော်မတီ အနေဖြင့် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုအရ နေရပ် စွန့်ခွာသူများအား ပြန်လည်စိစစ် လက်ခံရေးနှင့်  နေရာချထားရေး အတွက် အသင့်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊      ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင် ပြည်နယ်ရှိ ပြည်သူများ၏   လူမှု စီးပွားဘဝများ   တိုးတက်စေရေး အတွက် ကဏ္ဍပေါင်းစုံမှဆောင်ရွက် နေသည့်အစီအမံများ၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ    ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု   အခြေ အနေများနှင့်   လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များတွင်   လိုအပ် သလို ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


တက်ရောက်


တွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီး ဗိုလ်ချုပ်     ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်   ဖြိုးသန့်၊     အမြဲတမ်း အတွင်းဝန်နှင့်   တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း    သိရ သည်။                      

သတင်းစဉ်