
နေပြည်တော် စက်တင်ဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင် သည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး မိုးမင်းနိုင်နှင့်အတူ ယမန် နေ့ နံနက်ပိုင်းက ဘိုကလေးမြို့ရှိ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာကြံ့ခိုင် ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက် အကူပြုစေရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်ပေး ခဲ့သည့် ဘောလုံးအားကစားကွင်း ကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံ တိုးချဲ့ အဆင့်မြှင့်တင်နိုင်ရေး၊ စုပေါင်းတန်းစီကွင်းနှင့် ဘော်လီ ဘော/ ပိုက်ကျော်ခြင်း အားကစား ကွင်းများ ထပ်မံဆောင်ရွက် ပေးနိုင်ရေးတို့အတွက် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့် ဖြည့်စွက်စာများ ကျွေးမွေးနိုင်ရေးအတွက် လှူဒါန်း ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေး သင်တန်းကျောင်း (ဘိုကလေး) သို့ ရောက်ရှိပြီး ကျောင်းအုပ်နှင့် နည်းပြများ၊ ကျောင်းသား၊ကျောင်း သူများနှင့်တွေဆုံ၍ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ အခမဲ့ ပညာသင်ကြားရေးနှင့် နေထိုင် စားသောက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးနေမှု အပေါ် ကျေးဇူးသစ္စာ စောင့်သိ ရိုသေကာ ကျန်းမာကြံ့ခိုင်ပြီး ဗလ ငါးတန်နှင့် ပြည့်စုံ၍ နောင် တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့ ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင် ကောင်းများဖြစ်အောင် ရည်မှန်း ချက်များနှင့်အညီ အလေးထား သင်ယူသွားကြရန် တိုက်တွန်း မှာကြားခဲ့ပြီး ချီးမြှင့်ငွေ များ ပေးအပ်သည်။
ယင်းနောက် ကျောင်းဝင်း အတွင်းရှိ စားရိပ်သာ၊ အိပ်ဆောင်၊ ရာသီသီးနှံ စိုက်ပျိုးထားရှိမှု၊ စာကြည့်တိုက်၊ စတိုဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာ၌ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ် စာ အတူတကွ သုံးဆောင် ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့ရှိ အမှတ် (၄) အခြေခံပညာ အထက် တန်းကျောင်းသို့ ရောက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဘောလုံး အားကစားကွင်းကို ကြည့်ရှု စစ်ဆေး၍ ထပ်မံတိုးချဲ့ အဆင့် မြှင့်တင်နိုင်ရေးနှင့် စုပေါင်းတန်းစီ ကွင်း ပြုလုပ်ပေးနိုင်ရေးတို့ အတွက် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေး သင်တန်းကျောင်း(မအူပင်) သို့ ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာ စကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်၍ ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ပြည်ထောင်စုဝန်ကြီး သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ် (ရန်ကုန်) သို့ ရောက်ရှိပြီး ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်း အုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများနှင့်တွေ့ဆုံရာ ကျောင်း အုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြား ရေးဆိုင်ရာ အချက်အလက်များ နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ/ ဌာနမှူးများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ် စာ သုံးဆောင်ခဲ့ပြီး အိပ်ဆောင် များ၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ပျိုးဥယျာဉ်၊ ငွေနှင်းမှို စိုက်ပျိုး ထားရှိမှု၊ ဆောင်ရွက်ဆဲ လေးထပ် အင်ဂျင်နီယာ စာသင်ဆောင်၊ အားကစားကွင်း အဆင့်မြှင့်တင် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် တည် ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင် ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေး မှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကိုတွေ့ဆုံ၍ လိုအပ် သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်