ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အကျဉ်းထောင်/စခန်းများရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  စက်တင်ဘာ  ၂၀


လုံခြုံရေးကို    အထူးအလေးထား ဆောင်ရွက်ပြီး           အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ   မဖြစ်ပွား စေရေး   တာဝန်ရှိသူအဆင့်ဆင့်မှ အထူးဂရုပြု        ဆောင်ရွက်ရန်၊ အကျဉ်းသားများ၏   စားသောက် နေထိုင်ရေး၊      ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စရပ်များကို         စနစ်တကျ အထူးဂရုပြု    ဆောင်ရွက်ပေးရန်၊ အကျဉ်းသား/အချုပ်သားအားလုံး ကိုဗစ်ရောဂါ   ကာကွယ်ဆေးထိုးနှံ ရေး         ဆောင်ရွက်ပေးသွားရန် စသည်ဖြင့်  ပြည်ထောင်စုဝန်ကြီး က        အကျဉ်းထောင်များသို့ သွားရောက်    ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား   မှာကြားခဲ့သည်။

 


နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    ပြည်ထဲရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်သည် အကျဉ်းဦးစီးဌာန   ညွှန်ကြားရေး မှူးချုပ်     ဦးဇော်မင်းနှင့်အတူ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက် အထိ ဒိုက်ဦးဗဟိုအကျဉ်းထောင်၊ ပဲခူးအချုပ်ထောင်သစ်           တည် ဆောက်ရေးလုပ်ငန်းခွင်၊   ညောင် ခါးရှည်စစ်ဆေးရေးဂိတ်၊ တောင်ငူ         အကျဉ်းထောင်၊         ရမည်းသင်း    အကျဉ်းထောင်နှင့် နေပြည်တော်     ဘက်စုံ   စိုက်ပျိုးမွေးမြူရေးစခန်း များ၏    လုံခြုံရေး၊   အုပ်ချုပ်ရေး၊ စည်းကမ်း      ထိန်းသိမ်းရေးနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေး  ဆောင် ရွက်ထားရှိမှု  အခြေအနေများကို သွားရောက်စစ်ဆေးစဉ်    ထိုသို့ မှာကြားခဲ့ခြင်းဖြစ်သည်။

 


အသေးစိတ်မှာကြား


ထို့ပြင်   ပြည်ထောင်စုဝန်ကြီး က   ချုပ်သစ်/ ကျသစ်   လက်ခံရာ တွင်    ကိုဗစ်ရောဂါ   ပိုး ရှိ/မရှိ စစ်ဆေးပြီး  မရှိမှသာ လက်ခံရန်၊ လုံခြုံရေးစည်း      ကျိုးပေါက်မှု မရှိစေရေး  ၂၄ နာရီ ကင်းတာဝန် ချထားရန်၊   အကျဉ်းသား/အချုပ် သားများအတွက်      ချက်ပြုတ် ကျွေးမွေးသည့်  အစားအစာများကို သန့်ရှင်းလတ်ဆတ်မှု     ရှိစေရေး၊ ပူပူနွေးနွေး စားသုံးနိုင်ရေး၊ စေတနာ ထား၍      ချက်ပြုတ်ကျွေးမွေး သကဲ့သို့    ၎င်းတို့အား   တည်ဆဲ ဥပဒေ၊  အမိန့်၊  ညွှန်ကြားချက်များ နှင့်အညီ နေထိုင်စေရေး  ကြပ်မတ် ဆောင်ရွက်ပေးရန်     အသေးစိတ် မှာကြားခဲ့သည်။

 


ထောက်ပံ့ငွေများပေးအပ်


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်   ခရီးစဉ်အတွင်း    အကျဉ်း ထောင်/စခန်းများတွင်    တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း များ၏မိသားစုဝင်များနှင့်  တွေ့ဆုံ ၍ မိသားစုဝင်များအား  ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

 


အချိန်မီပြီးစီးအောင်ဆောင်ရွက်


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    ပဲခူးအချုပ် ထောင်သစ်     တည်ဆောက်ရေး လုပ်ငန်းခွင်အား    ကြည့်ရှုစစ်ဆေး ပြီး             အချုပ်ထောင်သစ်အား သတ်မှတ်ထားသည့်        ကာလ အတိုင်း      အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်    အသေးစိတ် မှာကြားသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည်     ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ               ညောင်ခါးရှည် စစ်ဆေးရေးဂိတ်၌   တပ်ဆင်ထား ရှိသော X-Ray  စက်အားကြည့်ရှု၍ လုံခြုံရေးတာဝန်ယူ   ဆောင်ရွက် နေသည့်   တပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးအသိ၊  သတိ၊  အမြင်များ ဖြင့်          အလေးထားဆောင်ရွက် သွားကြရန် မှာကြားသည်။

 


  ကြည့်ရှုစစ်ဆေး


ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးသည်        နေပြည်တော် ဘက်စုံ   စိုက်ပျိုးမွေးမြူရေးစခန်း သို့ရောက်ရှိပြီး    စခန်းရှိ    Ever Green မြက်၊  တစ်သျှူးငှက်ပျောခွံ စိမ်း၊ သီးမွှေးငှက်ပျောနှင့်   ဒေသ ငှက်ပျော(ဖီးကြမ်း)   စိုက်ပျိုးထား ရှိမှုအခြေအနေများ၊   ဥစားကြက်၊ နို့စားနွားနှင့်     အသားတိုးနွား မွေးမြူထားရှိမှု             အခြေအနေ၊ ရေသန့်စက်ရုံ၊    နို့ပေါင်းစက်ရုံနှင့် မြက်ဖျဉ်ထုံးစက်ရုံ   လည်ပတ် ဆောင်ရွက်မှု  အခြေအနေများကို လည်းကောင်း၊    ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း၏      ထွက်ကုန် အရောင်းဆိုင်သို့       သွားရောက်၍ စခန်းမှ    ထွက်ရှိလာသော   အသီး အနှံ၊  ကြက်ဥ၊  နို့စိမ်း၊  နို့ပေါင်းနှင့် ဒိန်ချဉ်များ   ရောင်းချနေမှု   အခြေ အနေကိုလည်းကောင်း     ကြည့်ရှု စစ်ဆေးပြီး    ပြည်ထောင်စုဝန်ကြီး က         နိုင်ငံတော်အကြီးအကဲ ၏        လမ်းညွှန်ချက်နှင့်အညီ အကျဉ်းသားများ၏    လုပ်အားကို အလဟဿ   လေလွင့်ပြုန်းတီးမှု မရှိစေရေး၊   နိုင်ငံတော်စီမံကိန်းဝင် လုပ်ငန်းများတွင်           အကျိုးရှိရှိ အသုံးချနိုင်ရေး၊        နိုင်ငံတော် အတွက်            တစ်ဖက်တစ်လမ်းမှ အထောက်အကူ          ဖြစ်စေရေး၊ စားရိက္ခာဖူလုံစွာရရှိရေး၊    ဝင်ငွေ ရရှိစေရေးနှင့် ၎င်းတို့ဆောင်ရွက် သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ခေတ်မီနည်းစနစ်ဖြင့် ယခု ထက်  ၃ ဆတိုးမြှင့်ဆောင်ရွက်ပြီး ထွက်ရှိလာသော အသားငါးများ အား ၎င်းတို့ကိုယ်တိုင်  ပြန်လည် စားသောက်စေရေး၊    ပိုလျှံသည့် အသားငါးများအား   ဝန်ထမ်းနှင့် မိသားစုများအပြင်     “လူထု၏ စားဝတ်နေရေး   ဖူလုံစေရမည်” ဟူသော         ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ရှိ  ပြည်သူလူထုများ ကိုပါ  သက်သာသော ဈေးနှုန်းဖြင့် ဖူလုံပေါများစွာ   ရောင်းချပေးနိုင် ရေးစသည့်      ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်စေခြင်း  ဖြစ်ကြောင်း၊ အမြတ်ကို           အဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေး ဆောင်ရွက်ကြရန်       လိုကြောင်း ပြောကြားသည်။

 


 ဆောင်ရွက်လျက်ရှိ


အကျဉ်းဦးစီးဌာန  ကွပ်ကဲမှု အောက်ရှိ            အကျဉ်းထောင်၊ စခန်းများနှင့်  နေပြည်တော်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းတို့တွင် စိုက်ပျိုးရေးနှင့်        မွေးမြူရေး လုပ်ငန်းများကို        တွင်တွင် ကျယ်ကျယ်    ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတော်အတွက်  တစ်ဖက် တစ်လမ်းမှ         အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍  ထွက်ရှိလာ သည့်   အသီးအနှံနှင့်  အသားငါး များကို  အကျဉ်းသား/အချုပ်သား များ   စားသုံးရန် အတွက်သာမက ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ   ဝန်ထမ်း နှင့် မိသားစုဝင်များ၊  ပတ်ဝန်းကျင် ရှိ    ပြည်သူလူထုများပါ   ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရန်        စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ   ဆောင်ရွက်လျက် ရှိရာ    ဥစားကြက်၊    နို့စားနွား၊ အသားတိုးနွား၊  အသားတိုးဝက်၊ အသားတိုးဆိတ်နှင့် ငါးမွေးမြူရေး လုပ်ငန်းများကို      စိုက်ပျိုးရေး လုပ်ငန်းများနည်းတူ    ဖြစ်ထွန်း အောင်မြင်အောင်     ဆောင်ရွက် လျက်ရှိကြောင်း    သတင်းရရှိ သည်။                    

သတင်းစဉ်