
နေပြည်တော် ဩဂုတ် ၂၄
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင် သော ACCELERATING A RESILIENT RECOVERY CLMVT Plus Forum 2021 ကို ယနေ့ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြပြီး CLMVT အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် ကိုယ်စားလှယ်များ၊ Trade Partner များနှင့် အခြား သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ကြသည်။
ယင်းဖိုရမ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr. Jurin Laksanawisit က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပညာရှင် များက ကိုဗစ်-၁၉ အလွန် CLMVT အဖွဲ့ဝင်နိုင်ငံများ၏ အခြေအနေ ကို သုံးသပ်ခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာ ဗဟုသုတများ မျှဝေခြင်း၊ အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲ ACMECS အစရှိသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင် များတွင် မြန်မာနိုင်ငံ အပါအဝင် CLMVT (၅) နိုင်ငံ ခရီးသွားလုပ်ငန်း ပါဝင်ဆောင်ရွက်မှုများ အပါအဝင် လက်ရှိကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် ချမှတ် သင့်သော နည်းဗျူဟာများကို ဆွေးနွေးခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ခေါင်းစဉ် များအလိုက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိုရမ်ကို ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ Video Conferencing စနစ်ဖြင့် ၃ ရက် ကြာ ကျင်းပသွားမည်ဖြစ်ရာ ဖိုရမ်နောက်ဆုံးနေ့ သြဂုတ် ၂၆ ရက်တွင် CLMVT အဖွဲ့ဝင်နိုင်ငံ များ၌ ကိုဗစ်-၁၉ အလွန် New Normal ကာလတွင် နည်းပညာ အသုံးပြုကာ စီးပွားရေးလုပ်ငန်း များ စတင်ရေးကို အထောက်အကူ ပြုရန် ရည်ရွယ်၍ Startup Pitch Competition ကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်