ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ အစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်   ဇွန်   ၂၂


(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ အဖွဲ့ဝင်   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ  ဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင်   ဝန်ကြီးဌာန   နီလာခန်းမ၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဧည့်ခံကျွေးမွေး ရေး၊ ကြိုဆိုရေးနှင့်  ဂုဏ်ပြုညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၏  ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ 

 


အစည်းအဝေးသို့  ဆပ်ကော်မတီဥက္ကဋ္ဌ၊  ဒုတိယ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 


အထူးအလေးထား
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို အနှစ်သာရ ပီပြင်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပ ရေးလုပ်ငန်းကော်မတီနှင့်    ဆပ်ကော်မတီများကို လည်း   ဖွဲ့စည်းထားကြောင်း၊   ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့်   ဂုဏ်ပြုညစာစားပွဲ   ကျင်းပရေး ဆပ်ကော်မတီကို    ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဦးစီးကာ ဆက်စပ်ဝန်ကြီးဌာနများမှ  ကိုယ်စားလှယ်များဖြင့် တာဝန်ယူ      ဆောင်ရွက်သွားမည်      ဖြစ်ကြောင်း၊ ကျွေးမွေးဧည့်ခံရေးအနေဖြင့်       ပြိုင်ပွဲကျင်းပစဉ် တစ်လျှောက် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင် များအား နေ့စဉ်ကျွေးမွေးဧည့်ခံသွားမည်ဖြစ်သဖြင့်   အစားအစာ သန့်ရှင်းလတ်ဆတ်ရေး၊ အစာအဆိပ် သင့်မှု       မဖြစ်ပေါ်စေရေး၊     ပြည့်စုံလုံလောက်မှုရှိရေး နှင့်  ပိုးမွှားများ  ကင်းရှင်းရေးတို့ကိုပါ   အထူးအလေး ထား ဂရုပြုဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 


အားလုံးဝိုင်းဝန်းပူးပေါင်း


ကျွေးမွေးဧည့်ခံရေးတွင် ဝန်ဆောင်မှုပေးရသည့် ဝန်ထမ်းများ၏   ဝတ်စားဆင်ယင်မှုနှင့်   လုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်အတွက်    ကြိုတင်လေ့ကျင့် ပြင်ဆင်ရေး၊ တစ်ကိုယ်ရေ  သန့်ရှင်းသပ်ရပ်မှုရှိရေး၊ ကျန်းမာရေးနှင့်      လုံခြုံရေးကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားပြီး     ချို့ယွင်းအားနည်းမှုများ မရှိစေရန်    ဂရုပြုဆောင်ရွက်သွားကြရမည်      ဖြစ် ကြောင်း၊    အစားအစာများကို      ပြိုင်ပွဲမကျင်းပမီ အချိန်နှင့်   ပြိုင်ပွဲကာလအတွင်း   ကျွေးမွေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးအတွက်   စနစ် တကျ စစ်ဆေးဆောင်ရွက်သွားကြရန်    လိုအပ် ကြောင်း၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီက  တာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို  ဆက်စပ်ဝန်ကြီး ဌာနများဖြင့် ပေါင်းစပ်ကာ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ 


ဆက်လက်၍ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဆပ်ကော်မတီအနေဖြင့်   အကောင် အထည်ဖော်ဆောင်ရွက်သွားမည့်   ကိစ္စရပ်များကို ဆွေးနွေး ပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကာ ဆပ်ကော်မတီ အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အသေးစိတ်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆပ်ကော်မတီ အဖွဲ့ဝင် များက   သက်ဆိုင်ရာကဏ္ဍအလိုက်   အသီးသီး ဆွေးနွေးကြကြောင်း သိရသည်။          

သတင်းစဉ်