
နေပြည်တော် အောက်တိုဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အတူ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီးအရေးပေါ် နှင့် ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊အတွင်း လူနာခန်းများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ် ကျန်းမာရေးဦးစီးဌာမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံတွင် ပြည်သူများကို ဆေးကုသ ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးစစ်ဆေး ဆောင် ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံ တွင် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများကို အားပေးစကားပြောကြားပြီး အသစ်ဆောက်လုပ်ဆဲ နှစ်ထပ်လူနာဆောင်ကို ကြည့်ရှုကာ ကိုဗစ်-၁၉ သံသယလူနာများ၊ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များနှင့် ထိတွေ့သူများကို ကိုဗစ်-၁၉ ရောဂါ ရှာဖွေ ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို စစ်ဆေးပြီး COVID-19 RDT Test Kit နှင့် ကာကွယ်ဆေးများကို ဝန်ကြီးဌာနအနေဖြင့် အလုံအလောက် ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အထူးကြိုးစားဆောင်ရွက်ပေးလျက် ရှိသော ကျန်းမာရေးဝန်ထမ်းများအား အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြင့်ငွေ ပေးအပ်သည်။
အဆိုပါ ပင်းတယမြို့ ပြည်သူ့ဆေးရုံသည် ခုတင် (၅၀)ဆံ့ ဆေးရုံဖြစ်ကာ ဆရာဝန်နှစ်ဦး၊ သူနာပြု ၁၀ ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လာရောက် ကူညီနေသည့် သားဖွား/ကျန်းမာရေးကြီးကြပ်-၂ ဝန်ထမ်း ၁၁ ဦးတို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အတွင်းလူနာများအဖြစ် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ ၃၂ ဦးနှင့် အခြားရောဂါအတွင်းလူနာ ၄၁ ဦး စုစုပေါင်း ၇၃ ဦးကို လက်ခံကုသပေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်