ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၇)ကြိမ်မြောက် တရုတ်-အာဆီယံတိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနလေ့လာရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  စက်တင်ဘာ   ၁၃


တရုတ်ပြည်သူ့      သမ္မတနိုင်ငံ    ကွမ်းရှီးကျွမ့်   ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဖန်ချန်းကန်မြို့တွင် ကျင်းပမည့် (၇) ကြိမ်မြောက် တရုတ်-အာဆီယံတိုင်းရင်းဆေး နှင့် ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးနှင့် ကျန်စုပြည်နယ် နန်ကျင်းမြို့တွင်    ကျင်းပမည့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ရေး  ဗဟိုဌာနလေ့လာရေး   အစီ အစဉ်အတွက်     ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည်   ယနေ့   နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ    တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့  လေကြောင်းခရီး ဖြင့် ထွက်ခွာသွားသည်။ 


ပို့ဆောင်နှုတ်ဆက်


ပြည်ထောင်စု       ဝန်ကြီး ဦးဆောင်သော    ကိုယ်စားလှယ် အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန မှ   တာဝန်ရှိသူများက   ရန်ကုန် အပြည်ပြည်ဆိုင်ရာ    လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။ 


ကိုယ်စားလှယ်   အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်  အတူ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်း ဆေးပညာဦးစီးဌာန    ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊   အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများလိုက်ပါ သွားခဲ့ကြောင်း သိရသည်။


သတင်းစဉ်