ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၃)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန်     ဩဂုတ်   ၂၇
(၁၃) ကြိမ်မြောက် အာဆီယံပညာ ရေးဝန်ကြီးများ  အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ    ပညာရေးဝန်ကြီး များ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့‌‌သည့် ပြည်ထောင်စု ဝန်ကြီး     ဒေါက်တာ    ညွန့်ဖေ ဦးဆောင်သော   ကိုယ်စားလှယ် အဖွဲ့သည်  ယနေ့ညနေ ၆ နာရီ တွင်  ထိုင်းနိုင်ငံမှ  ရန်ကုန်မြို့သို့  လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိသည်။
ကြိုဆိုနှုတ်ဆက်
ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော   ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တက္ကသိုလ်၊    ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊  ရန်ကုန် အနောက်ပိုင်း   တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊  ရန်ကုန်တိုင်း အခြေခံပညာဦးစီးဌာန တိုင်းပညာ ရေးမှူးနှင့်       တာဝန်ရှိသူများ က   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌       ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။ 
ထိုင်းနိုင်ငံ ဘူရီယမ်မြို့တွင်
ကျင်းပခဲ့
“ဒစ်ဂျစ်တယ်ခေတ် ပညာရေး အသွင်ကူးပြောင်းရေး”  ဟူသော ခေါင်းစဉ်ဖြင့်         ကျင်းပ‌‌သော (၁၃) ကြိမ်မြောက် အာဆီယံပညာ ရေးဝန်ကြီးများ   အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံ      ဘူရီယမ်မြို့တွင် ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်