ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်  နိုဝင်ဘာ  ၂၉


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်သို့  ရောက်ရှိ ပြီး သင်တန်းသား၊ သင်တန်းသူများ  စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။


ကြည့်ရှုအားပေးစဉ်    ပြည်ထောင်စုဝန်ကြီးက ပညာကို ကြိုးစားသင်ကြားကြစေလိုကြောင်း၊ ပညာ တတ်လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြ စေလိုကြောင်း၊ ပညာတတ်  လူတော်လူကောင်းဖြစ် အောင်  ကြိုးစားခြင်းသည် မိမိဘဝ၊  မိမိဒေသနှင့် မိမိနိုင်ငံကို  တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေး ခြင်းပင်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  အခြေခံ ပညာဦးစီးဌာန ရုံးဟောင်း၌ ပညာရေး ဒီဂရီကောလိပ် သင်တန်းသား   သင်တန်းသူများ   ပညာသင်ကြား၊ သင်ယူနိုင်ရေး  ပြင်ဆင်ဆောင်ရွက်ထားရှိမှု  အခြေ အနေကို   သွားရောက်ကြည့်ရှုစစ်ဆေးပြီး    လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့အတူ ယနေ့နံနက်ပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီးသည် မိတ္ထီလာမြို့  အမှတ်(၅)  အခြေခံပညာ အထက်တန်းကျောင်း  (ရှမ်းတဲ)သို့  သွားရောက်ပြီး ကျောင်းဝင်းအတွင်းနှင့်   အခြေခံပညာ ကျောင်းသား ကျောင်းသူများ  အေးချမ်းစွာ  ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်သို့ရောက်ရှိပြီး  အစည်းအဝေး ခန်းမ၌    မိတ္ထီလာစီးပွားရေးတက္ကသိုလ်    ဒုတိယ ပါမောက္ခချုပ်များ၊  ပါမောက္ခ(ဌာနမှူး) များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍       ဘာသာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့်  သန့်ရှင်းသာယာရေး၊ တက္ကသိုလ် ၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်‌ရေးကိစ္စရပ်များကို  ဆွေးနွေး မှာကြားကာ   လိုအပ်သည်များကို     ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ယင်းနောက်      တက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ရှိပြီး ကျောင်းသား ‌ကျောင်းသူများ စာကြည့် တိုက်ကို အကျိုးရှိအောင်  အသုံးချသင်ကြားသင်ယူ နိုင်ရေးဆောင်ရွက်ရန်   မှာကြားကာ စာကြည့်တိုက် အတွက် လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင် ဆောင်များ၌     အေးချမ်းစွာ    ပညာသင်ကြားနေကြ သည့်   တက္ကသိုလ်  ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံပြီး  အားပေးစကား ပြောကြားသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာ တက္ကသိုလ် သင်္ချာဌာန၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို  သွားရောက်ကြည့်ရှုအားပေး ပြီး တက္ကသိုလ်အတွင်းရှိ တည်ဆောက်နေဆဲ ပညာရေး အဆောက်အအုံများကို  လှည့်လည်ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ယင်းနောက်       ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး    ပညာပါရမီခန်းမ၌   ကျောင်းအုပ်ကြီး၊ ဆရာ ဆရာများ၊ ပညာရေးဒီဂရီကောလိပ်  လေးနှစ်သင် သင်တန်းသား  သင်တန်းသူများ၊   PPTT  ၁၀/၂၀၂၃ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး  ပညာ ကို  ကြိုးစားသင်ယူ ကြစေလိုကြောင်း၊ သင်တန်းပြီး၍ မိမိတို့တာဝန်ကျသော  ဒေသများတွင် ကျောင်းသား ကျောင်းသူများကို နိုင်ငံ့သားကောင်းရတနာများ ဖြစ် အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်