ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော်   ဇူလိုင်   ၂ 
ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏  ၂၀၂၄   ခုနှစ်   မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်   ရုံးအမှတ်(၁)၏ အနောက် ဘက်ရှိ သတ်မှတ်နေရာ၌ ကျင်းပရာ  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊    ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဦးစီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့်   အရာထမ်း၊   အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင် များနှင့် သစ်တောဂေဟစနစ်သည် လူသန်းပေါင်း များစွာအတွက် လိုအပ်သော   အစားအစာ၊   အသုံး အဆောင်များ၊ သစ်တောထွက် ပစ္စည်းအမျိုးမျိုးတို့ကို ထောက်ပံ့ပေးနေပြီး     ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ကို စုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်း၊     ရေနှင့်လေကို သန့်စင်ပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ   ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ်အဆင့်ဆင့်    ဖြစ်ပေါ်စေခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေး လျက်ရှိကြောင်း၊ ထို့ပြင် ငါးသယံဇာတ ထိန်းသိမ်း ခြင်းနှင့် ငါးမျိုးရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေရန်အတွက် ငါးသား ပေါက်ကောင်ရေ ၁၀၀၀၀ ကိုလည်း စိုက်ထည့်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင်များ ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊        အရာထမ်း၊    အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာ များ၌ ရတနာတန်းဝင်ကျွန်းပင်များ စုပေါင်းစိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ သည်   ဒုတိယဝန်ကြီး၊    တာဝန်ရှိသူများနှင့်အတူ ငါးသားပေါက်များကို ဝန်ကြီးဌာန အနောက်ဘက်ရှိ ရေကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြသည်။
လက်ခံတွေ့ဆုံ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည်  ကုလသမဂ္ဂစီမံကိန်း   ဝန်ဆောင်မှုရုံး (UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်အဖွဲ့အား  နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး   (UNOPS)  တို့အကြား    လက်ရှိ ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့်          ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို   အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် UNOPS တို့မှ တာဝန် ရှိသူများ တက်ရောက်ကြသည်။               သတင်းစဉ်