ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့Ural State Mining University ရှိ ဘူမိဗေဒပြခန်း၊ Museum complex of military and civil equipment of the Ural Mining and Metallurgical Company သို့ သွားရောက်ကြည့်ရှုလေ့လာ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့Ural State Mining University ရှိ 
ဘူမိဗေဒပြခန်း၊ Museum complex of military and civil equipment of the Ural Mining and Metallurgical Company နှင့် Stone - crafting House များ သို့ သွားရောက်ကြည့်ရှုလေ့လာ

 

နေပြည်တော်  ဇူလိုင်   ၁၃ 


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက် ရှိနေသော   စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့ နံနက် ပိုင်းက  ယီယာကျီရင်ဘတ်မြို့ရှိ  Ural State Mining University ၏ ဘူမိဗေဒပြခန်းသို့ သွားရောက် ကြည့်ရှုလေ့လာသည်။


ကြည့်ရှုလေ့လာစဉ် သက်ဆိုင် ရာ  တာဝန်ရှိသူများက   ခေတ် အဆက်ဆက်မှ ဘူမိဗေဒဆိုင်ရာ စွန့်ဦးရှာဖွေတွေ့ရှိမှုများ၊ သတ္တု တူးဖော်ရေးလုပ်ငန်းများ  အဆင့် ဆင့် တိုးတက်ပြောင်းလဲလာမှုနှင့် Ural ဒေသထွက် အဖိုးတန် သတ္တု ရိုင်းများကို   လိုက်လံရှင်းလင်း ပြသရာ  ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို   ပြန်လည် မေးမြန်းဆွေးနွေးသည်။ 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့်  မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  အဆိုပါ မြို့ရှိ    Museum complex of military and civil equipment of the Ural Mining and Metall-urgical Company ၌  ခင်းကျင်း ပြသထားသည့် ဒုတိယကမ္ဘာစစ် အတွင်း အသုံးပြုခဲ့သော သစ်သား ကိုယ်ထည် တိုက်လေယာဉ်များ၊ လေကြောင်းရန်   ကာကွယ်ရေး လက်နက်များ၊    တင့်ကားများ၊ သင်္ဘောများနှင့်    ရှေးယခင်က အသုံးပြုခဲ့ကြသည့်  ရေနွေးငွေ့ သုံး  မီးရထားများကို သွားရောက် ကြည့်ရှုလေ့လာသည်။


ယနေ့   နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ယီကာ ကျီရင်ဘတ်မြို့ရှိ Stone-crafting House  by  Alexey  Antonov ကျောက်ဆစ်အနုပညာပြခန်းသို့ သွားရောက်ပြီး       ရှေးဟောင်း တိရစ္ဆာန်   ကျောက်ဖြစ်ရုပ်ကြွင်း များ၊   ကမ္ဘာ့ဒေသအနှံ့အပြားမှ စုဆောင်းထားသည့် အမျိုးစုံသော ကျောက်များ၊ ထုဆစ်ပြုလုပ်ထား သော  အရွယ်အစားမျိုးစုံ ကျောက် ဆစ်ပန်းပုများ၊     ရုရှားနိုင်ငံ၏ ရှေးအကျဆုံး   တူးဖော်ရရှိထား သည့်  ရွှေများနှင့်  ကျောက်သား ပန်းချီကားချပ်များကို   ကြည့်ရှု လေ့လာခဲ့ကြောင်း   သတင်းရရှိ သည်။


သတင်းစဉ်