ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး “ပြည်ကျော်အောင်ဌေး” သဘာဝမြေသြဇာစက်ရုံတည်ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ ငါး မွေးမြူရေးဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်    အောက်တိုဘာ    ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        အဖွဲ့ဝင်၊  ကာကွယ်ရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးသည်  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းမြို့ တင်းတိပ် ရပ်ကွက်၊ တင်းတိပ်ကွင်းတွင်တည်ရှိသည့် “ပြည်ကျော် အောင်ဌေး”    သဘာဝမြေသြဇာစက်ရုံ     ရှင်းလင်း ဆောင်၌    ကျင်းပသော   သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ခြင်းနှင့်      နွား/ ဆိတ်/ ကြက်/ ငါး မွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း  အခမ်းအနားသို့ တက်ရောက်သည်။ 

 


ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူ များအား “ပြည်ကျော်အောင်ဌေး” ကုမ္ပဏီမှ တာဝန် ရှိသူ ဦးကျော်ဌေးက သဘာဝမြေသြဇာ စက်ရုံတည် ဆောက်ခြင်းနှင့် နွား/ ဆိတ်/ ကြက်/ ငါးမွေးမြူရေး ဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊  ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊   တိုင်းဒေသကြီးဝန်ကြီးချုပ်၊   အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များက သဘာဝမြေသြဇာအိတ်များကို တောင်သူ များသို့ အခမဲ့ဖြန့်ဝေပေးသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်  စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ရေး ပြပွဲနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ် ခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေး ပြီး  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းမှူးနှင့်    တာဝန်ရှိသူများက   နေကြာမျိုးစေ့ များ၊  ဂျုံသီးနှံမျိုးစေ့နှင့်  ချည်မျှင်ရှည်ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်