
နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်း တွင် မင်းကင်းမြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ မင်းရာဇာခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မင်းကင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နယ်မြေဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များမှာကြား၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကလေးဝမြို့ရှိ ရွှေမုဌောဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ အမှူးပြု သော သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကလေးဝမြို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များ၊ ဒေသခံပြည်သူများကို တွေ့ဆုံအမှာစကား ပြောကြားသည်။ ယင်းနောက် ကလေးဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နယ်မြေ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ မှာကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်