ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှု ကျီကုန်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်တွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊   ကာကွယ်ရေးဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည်  စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း  စစ်ဌာနချုပ်   တိုင်းမှူး    ဗိုလ်မှူးချုပ်  သန်းထိုက်နှင့်   တာဝန်ရှိသူများ   လိုက်ပါလျက် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့ရှိ   တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့်  အရာရှိ၊  စစ်သည်မိသားစု များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို သွားရောက် ကြည့်ရှု၍   တစ်ဦးချင်း၏   ရောဂါဖြစ်ပွားမှု၊   ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား     ပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ဝင်များသည်  အနောက် မြောက်တိုင်း  စစ်ဌာနချုပ်၊  ကျီကုန်းတပ်နယ်ရှိ  အရာရှိ၊   စစ်သည်၊ မိသားစုဝင်များကို အဆိုပါတပ်နယ်ခန်းမ၌  သွားရောက်တွေ့ဆုံအမှာ စကားပြောကြားပြီး  စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများ   ပေးအပ်ကာ  အရာရှိ၊  စစ်သည်၊  မိသားစုဝင်များကို    ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။    


သတင်းစဉ်