
နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိ သူများနှင့်အတူ ယနေ့တွင် မော်လိုက်မြို့ မြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိ သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံ များနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြား သည်။ ယင်းနောက် မော်လိုက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နယ်မြေဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက စားသောက်ဖွယ်ရာများ ပေးအပ် ပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများနှင့်အတူ အောင်ဇေယျ ခန်းမတွင် မော်လိုက်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကို တွေ့ဆုံအမှာစကားပြော ကြားပြီး တပ်နယ်မိသားစုများ ကို စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့သည် တွေ့ဆုံ ပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်