ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ယနေ့အထိ တိုင်းရင်းသားလူငယ် ၁၉၈၇ ဦး မွေးထုတ်ပေးနိုင်ခဲ့

 

နေပြည်တော်   နိုဝင်ဘာ   ၂၄


ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)တွင် ဘွဲ့နှင်းသဘင်ခန်းမအပါအဝင် နှစ်နေရာခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

 


ရှေးဦးစွာ           နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး         ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ရှိအချိန်တွင် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရည်မှန်း ချက် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့်   နယ်စပ်ဒေသများ၏  ဖွံ့ဖြိုး တိုးတက်ရေးနှင့်   လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်    ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊   နယ်စပ်ဒေသရှိ  တိုင်းရင်းသား လူငယ်များအား နယ်စပ်ဒေသများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဘဝ   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်   နိုင်ငံ့ ဝန်ထမ်းကောင်းများအဖြစ်   ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရန် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်   (ရန်ကုန်)နှင့် (စစ်ကိုင်း)တို့ကို    တည်ထောင်ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကို စတင်ဖွင့်လှစ်သည့်အချိန်မှ  ယနေ့အထိ ဝိဇ္ဇာဘွဲ့  ၄၂၁ ဦး၊ သိပ္ပံဘွဲ့ ၇၇၄ ဦး၊ B.Tech ၁၃၉ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၆၅၃ ဦး စုစုပေါင်း တိုင်းရင်း သားလူငယ် ၁၉၈၇ ဦးကို ပြုစုပျိုးထောင်မွေးထုတ် ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ  Ph.D  ဘွဲ့  ၁၈ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၄၆ ဦး၊ မဟာသိပ္ပံဘွဲ့ ၉၄ ဦး၊ M.E ၁၉ ဦး၊ B.E ၂၆၂ ဦး၊ B.Tech  ၂၀၇  ဦး  ရရှိခဲ့ကြပြီး ဖြစ်ကြောင်း။

 


ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့်    နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရေး မဟာဘွဲ့သင်တန်း၊  ပါရဂူဘွဲ့သင်တန်း များကို   နိုင်ငံ့တာဝန်များ  ထမ်းဆောင်ကြရင်း ဆက်လက်တက်ရောက် ဆည်းပူးနိုင်အောင် ကြိုးစား သွားကြရန်၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း  မိမိကိုယ်တိုင်၊  မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ကောင်းကျိုးရရှိစေရေးအတွက်သာ အသိ၊ သတိဖြင့်   အသုံးပြုလေ့လာကြရန်နှင့်  မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊   အရည်အသွေးများ  ပိုမို မြင့်မားလာအောင်လည်း စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသွားကြရန် မှာကြားလိုကြောင်း။

 

သင်တန်းဆင်း       မောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာ   ဝန်ကြီးဌာနအသီးသီးတွင်  “နိုင်ငံ့ ဝန်ထမ်း”များအဖြစ် တာဝန်ထမ်းဆောင်ကြတော့ မည်ဖြစ်သဖြင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင် ရည်   မြင့်မားတိုးတက်စေရေးအတွက်  အခြေခံ အုတ်မြစ်များဖြစ်သည့်     ပင်ကိုစရိုက်လက္ခဏာ ကောင်းမွန်မှု၊    ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ယုံကြည်ချက်ခိုင်မာမှု၊    စွမ်းဆောင်ရည်ပြည့်ဝမှု တို့ဖြင့် ပြည့်စုံသူများ ဖြစ်လာစေရန်လိုအပ်ကြောင်း။

 


ထို့အပြင် ရောက်ရှိရာဒေသများရှိ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေနှင့် ဓလေ့ထုံးစံများ ကို       အစဉ်မြတ်နိုးစွာ     ထိန်းသိမ်းသွားကြရန်၊  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ထမ်းဆောင်ရမည့်   တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူ မှုများနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာ  ဆည်းပူးမှုနှင့်အတူ     အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာ ဘာသာရပ်   ထူးချွန်ဆုရရှိသူနှင့်   သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က A.G.T.I ထူးချွန်ဆုရရှိသူကိုလည်းကောင်း ထူးချွန်ဆု များ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ဝန်ကြီးဌာန ၁၆ ခုတို့မှ ကိုယ်စားလှယ်များက  သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၂၁၄  ဦးတို့ကို အလုပ် ခန့်အပ်လွှာများ ပေးအပ်သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်း ဆင်းကျောင်းသား၊ ကျောင်းသူများအား ခင်မင်ရင်းနှီး စွာနှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသားများကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားသည်။

 


ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ    စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)  အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲတွင် ဝိဇ္ဇာဘွဲ့ ၆၂ ဦး၊ သိပ္ပံဘွဲ့ ၁၀၄ ဦးနှင့် A.G.T.I ဒီပလိုမာ ၄၈ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ်မောင်မယ် ၂၁၄ ဦး  တက်ရောက်အောင်မြင်ခဲ့ကြောင်း  သိရသည်။

 


နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၏ကိုယ်စား     ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမအပါအဝင် ၂ နေရာခွဲခြား၍   ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်