ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ

တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ယနေ့အထိ ဘွဲ့ရပညာတတ်တိုင်းရင်းသားလူငယ် ၁၃၇၈၆ ဦး မွေးထုတ်ပေးနိုင်ခဲ့

 

နေပြည်တော်   နိုဝင်ဘာ   ၂၃


ပညာရေးဘွဲ့ ၅ နှစ်သင်တန်း  အမှတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့်  အလုပ်ခန့်အပ် လွှာပေးအပ်ပွဲအခမ်းအနားကို     ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ      ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ     ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၌  ဘွဲ့နှင်းသဘင် ခန်းမအပါအဝင်    သုံးနေရာ ခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်း  သတ်မှတ်ချက် များနှင့်အညီ ကျင်းပသည်။

 ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ


သင်တန်းဆင်းပွဲအခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး        ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က    လက်ရှိအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့်  ရည်မှန်းချက် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို  ချမှတ်အကောင် အထည်ဖော်   ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန  အနေဖြင့် နယ်စပ်ဒေသများ၏  ဖွံ့ဖြိုးတိုးတက်ရေး နှင့်  လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်     ကြိုးပမ်း
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နယ်စပ် ဒေသရှိ  တိုင်းရင်းသားလူငယ်များအား အဆင့်မြင့်ပညာများ သင်ကြားလေ့ကျင့် ပေးပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်      ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည့်    ပညာရေးဝန်ထမ်း ကောင်းများ  မွေးထုတ်ပေးနိုင်ရန်အတွက် ပြည်ထောင်စု  တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး    တက္ကသိုလ်(စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ်  သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း ၊ ဖွံ့ဖြိုးရေးတက္ကသိုလ် စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာဒဿန ပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၁၀၉ ဦး၊ ဆရာအတတ်ပညာ ဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်း  ဆရာအတတ် သင်တန်း ၄၆၁ ဦး၊  မူလတန်း  ဆရာ အတတ်သင်တန်း  ၇၁၆၂ ဦး  စုစုပေါင်း ဘွဲ့ရပညာတတ် တိုင်းရင်းသားလူငယ် ၁၃၇၈၆ ဦး    မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း။
 တိုးတက်နေသည့်  ကမ္ဘာကြီးကို အမီ လိုက်နိုင်သည့်၊  ပညာခေတ်၏ စိန်ခေါ်မှု များကို  ရင်ဆိုင်ဖြေရှင်းနိုင်သည့်  လူသား အရင်းအမြစ်များကို  မွေးထုတ်ပေးရာတွင် ဆရာ ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍတွင်   ပါဝင်နေကြောင်း၊ တပည့်များကို   ခေတ်မီပညာရပ်များ တတ်မြောက်အောင်၊    အတွေးအခေါ် မြင့်မားအောင်  လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာကိုယ်တိုင်က အစဉ် လေ့လာသင်ယူသူများဖြစ်ရန်  လိုအပ် ကြောင်း၊ ဆရာဆိုသည်မှာ ပညာပေးဝေ သူဖြစ်ပြီး ပညာရှာမှီးနေသူလည်းဖြစ်ရန် လိုကြောင်း၊ တပည့်များ၏အကျိုးကို အစဉ်ရှေးရှုပြီး      ကောင်းမွန်ရာကို လမ်းညွှန်ပြသပေးနိုင်သည့် ဆရာကောင်း များကသာ  နောင်တစ်ခေတ် နိုင်ငံ့တာဝန် ကို  ထမ်းဆောင်ကြမည့်  အရည်အသွေး   ပြည့်ဝသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။


တိုက်တွန်းမှာကြား


သင်တန်းဆင်း မောင်မယ်တို့အနေဖြင့် ဆရာ ဆရာမများအဖြစ်   နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြတော့မည်  ဖြစ်သဖြင့် နယ်စပ်ဒေသရှိ  တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ    တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးကြမည့်   ခေါင်းဆောင် ငယ်များအဖြစ်လည်းကောင်း၊ စိတ်ဓာတ် ကောင်းသော၊ စည်းကမ်းကောင်းသော၊ ကျင့်ဝတ်လိုက်နာသော   နိုင်ငံ့ဝန်ထမ်း ကောင်းများအဖြစ်   လည်းကောင်း၊ ပေးအပ်သောတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ အထူးအလေးထား   မှာကြားလိုသည်မှာ ဒို့တာဝန်အရေး  သုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားအားလုံး၏   စိတ်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ်    အစဉ်ထာဝရ
ကိန်းအောင်းရှင်သန်နေစေရေး စည်းရုံး ဆောင်ရွက်ပေးကြရန်၊  မိမိတို့၏ တပည့် ကျောင်းသား    လူငယ်များကိုလည်း နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအား အရင်းအမြစ်များ    ဖြစ်လာအောင်  ပြုစု ပျိုးထောင်ပေးကြရန်၊   တိုင်းရင်းသား များ၏  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက် အောင်  အစွမ်းကုန်ကြိုးစားဆောင်ရွက် ကြရန်၊     ပါတီနိုင်ငံရေးကင်းစင်ပြီး နိုင်ငံတော်    ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက် မြင့်မားရန်အတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်အောင်    ထမ်းဆောင်ကြရန် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စံပြထူးချွန်ဆု၊ ဆရာအတတ်ပညာ ဘာသာ ထူးချွန်ဆု၊  စာပေဘာသာ  ထူးချွန်ဆု
(သိပ္ပံတွဲ)၊   စာပေဘာသာ ထူးချွန်ဆု (ဝိပ္ပံတွဲ)    ဆုရကျောင်းသား   ကျောင်းသူ မျာကို လည်းကောင်း၊      စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က စာပေဘာသာ ထူးချွန်ဆု(ဝိဇ္ဇာတွဲ)၊ တိုင်းရင်းဘာသာ၊ စာပေနှင့် ယဉ်ကျေးမှု ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရ ကျောင်းသား      ကျောင်းသူများကို လည်းကောင်း၊   အမြဲတမ်းအတွင်းဝန်  ဦးသိန်းဌေးဦးက ဆရာကြီး ဦးသန်းဦး၏   ထူးချွန်ဆုရ  ကျောင်းသူကို လည်းကောင်း  ဆုများ အသီးသီး ချီးမြှင့်ပေးအပ်သည်။    ယင်းနောက်     အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးက      သင်တန်းဆင်း  ကျောင်းသား ကျောင်းသူ   ၂၇၂   ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။  


အားပေးစကားပြောကြား
အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများကို     ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး  ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရ  ကျောင်းသား  ကျောင်းသူ များကို  တွေ့ဆုံ၍  ဂုဏ်ပြုအားပေးစကား ပြောကြားသည်။ 


နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏   ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော် များနှင့်    သင်တန်းဆင်းကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ နှင့် မြက်ခင်းပြင်တို့တွင် သုံးနေရာခွဲခြား၍ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရသည်။  

      
 သတင်းစဉ်