ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းစည်းဝေး

နေပြည်တော် မတ်   ၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀  နာရီတွင် နေပြည်တော်ရှိ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပသည်။

အခက်အခဲများစွာရှိ


ရှေးဦးစွာ    အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက  ၂၀၂၁ ခုနှစ် သာသနာ တော်ဆိုင်ရာ    ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းအပ်နှင်းခြင်း ခံရသည့် ရဟန်းတော် ၆၉၉ ပါး၊ သီလရှင် ၆၀ နှင့် လူပုဂ္ဂိုလ် ၁၄၅ ဦး  စုစုပေါင်း ၉၀၄ ပါး/ဦး ရှိရာ ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားမှု အခြေအနေအရ  နေပြည်တော် တွင်   တစုတစည်းတည်း အခမ်း အနားဖြင့်     ဆက်ကပ်ချီးမြှင့် မည်ဆိုပါက Social Distancing အရ နေရာချထားရန် အခက်အခဲ များစွာရှိပါသဖြင့် သာသနာတော် ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော် များဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၆ ပါးနှင့်     အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိ က ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၄ ပါး စုစုပေါင်း ဆရာတော်ကြီး အပါး ၃၀ တို့ကို သာ  မတ် ၂၇ ရက် မွန်းလွဲ ၁ နာရီ တွင်  နေပြည်တော်  ဥပ္ပါတသန္တိ စေတီတော်  ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ဆက်ကပ်  လှူဒါန်းသွားမည်ဖြစ် ကြောင်း၊  ကျန်ဘွဲ့တံဆိပ်တော် များ ရရှိတော်မူသည့် ရဟန်းတော် ၆၄၇ ပါး၊ သီလရှင်  ၅၈  ပါးနှင့် သာသနာပြုဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁၉ ဦး စုစုပေါင်း ၇၂၄ ပါး/ဦးတို့ကို သက်ဆိုင်ရာ    တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ များ၏ အစီအစဉ်ဖြင့် မတ် ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်    ကာကွယ် တားဆီးရေးဆိုင်ရာ       စံလုပ်ငန်း လမ်းညွှန်ချက် (SOP)များနှင့်အညီ တစ်ချိန်တည်း၊   တစ်ပြိုင်တည်း သတ်မှတ်            နေရာများတွင် ဆက်ကပ်      လှူဒါန်းသွားမည် ဖြစ်ပါကြောင်း။


ဆက်ကပ်လှူဒါန်း


နေပြည်တော်        ကောင်စီ၏ ဦးဆောင်မှုဖြင့်     ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်        ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုင်ငံတော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော် ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားနှင့် တိုက်ဆိုင်နေပါသဖြင့် နိုင်ငံတော်အဆင့်    အခမ်းအနား ကျင်းပပြီးနောက် မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်  ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန် တော်ကြီး၌ပင်   ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်ပဘွဲ့ခံ ရဟန်းတော် ၂၂ ပါး၊ သီလရှင် ၂  ပါး၊  လူပုဂ္ဂိုလ်  ၁  ဦး စုစုပေါင်း  ၂၅ ပါး/ဦးတို့ကို ယခင် နှစ်နည်းတူ ပင့်ဖိတ်ခြင်းမပြုတော့ ဘဲ     သက်ဆိုင်ရာသံရုံးများမှ တစ်ဆင့် နိုင်ငံအလိုက် ဘွဲ့တံဆိပ် တော်နှင့်  အဆောင်အယောင်များ ဆက်ကပ်               ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာနုဂ္ဂဟ       ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁၂၅ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ   ထိန်းချုပ်လာနိုင်သည့် အခြေအနေသို့       ရောက်ရှိမှသာ  နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ လမ်းညွှန်ချက်နှင့် အညီ  ဘွဲ့တံဆိပ်များ  ချီးမြှင့်နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊  နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက   ဦးဆောင် ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ  ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ဦးစီး ကော်မတီကို ဖေဖော်ဝါရီ ၈ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက    ဖွဲ့စည်းပေးခဲ့ပြီး ဦးစီးကော်မတီအနေဖြင့် ဖေဖော် ဝါရီ ၁၂ ရက်တွင်      လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီ  ၁၁ ခုတို့ကိုလည်း    ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များ လစ်ဟင်းမှု မရှိစေရေး ဆောင်ရွက်သွားကြရန် နှင့် အခမ်းအနားသို့ ကြွရောက် တော်မူလာကြမည့်  ဆရာတော် ကြီးများအား ကျန်းမာရေးဆိုင်ရာ လိုအပ်သည့်     စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေးကိစ္စ၊  ကြိုဆို ပင့်ဆောင်ရေးနှင့် စိတ်ချမ်းမြေ့စွာ သီတင်းသုံး  နေထိုင်နိုင်ရေး ကိစ္စ၊ သတင်းမှတ်တမ်း  ထုတ်ပြန်ရေး ကိစ္စ၊ မြန်မာ့တိုင်းရင်း ဆေးခန်းနှင့် အနောက်တိုင်း   ဆေးခန်းများ ဖွင့်လှစ်ထားရှိရန်ကိစ္စ၊ Thermal Scanner များနှင့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ စီစဉ်ထားရှိရန်ကိစ္စ၊  လုံခြုံရေး ဆိုင်ရာကိစ္စများနှင့်  စပ်လျဉ်း၍ လုပ်ငန်းတာဝန်များ  လစ်ဟင်းမှု မရှိစေရေး           သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးအလိုက် အထူးဂရုပြု  လုပ်ဆောင်သွား ကြရန် လိုအပ်ကြောင်း ပြောကြား သည်။


ရှင်းလင်းဆွေးနွေး


ထို့နောက်     အခမ်းအနား ကျင်းပရေး    လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေး မှု ဝန်ကြီးဌာန  အမြဲတမ်းအတွင်း ဝန်က ၂၀၂၁ ခုနှစ်   သာသနာ တော်ဆိုင်ရာ  ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ  အခမ်းအနား အောင်မြင်စွာ   ကျင်းပနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။


ဆက်လက်၍ သံဃာတော် များပင့်ဆောင်ရေးနှင့်  သယ်ယူ ပို့ဆောင်ရေးဆပ်ကော်မတီ၊ ဆွမ်း ဆက်ကပ်ရေး    ဆပ်ကော်မတီ၊ အခမ်းအနား   ကျင်းပရေးနှင့် အခမ်းအနား      ပြင်ဆင်ရေး ဆပ်ကော်မတီတို့၏    ဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်က  လည်းကောင်း၊ ဖိတ်ကြားရေးနှင့် ကြိုဆို နေရာ ချထားရေး     ဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေး နှင့် ဆက်ကပ်ရေးဆပ်ကော်မတီ တို့၏ဥက္ကဋ္ဌ    သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်      က လည်းကောင်း၊ ဧည့်ခံ  ဖျော်ဖြေ ရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး    ဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည် ရေးနှင့်     သာသနာရေးဆိုင်ရာ အခင်းအကျင်း      ပြင်ဆင်ရေး ဆပ်ကော်မတီ၊      လုံခြုံရေး ဆပ်ကော်မတီတို့မှ   ဥက္ကဋ္ဌများ ကလည်းကောင်း   အခမ်းအနား အောင်မြင်စွာ   ကျင်းပနိုင်ရေး အတွက် ဆပ်ကော်မတီအသီးသီး အလိုက်  တာဝန်ယူဆောင်ရွက် ထားရှိမှုများကို  ဆွေးနွေးတင်ပြ ကြသည်။ 


ပေါင်းစပ်ညှိနှိုင်း


တင်ပြ   ဆွေးနွေးချက်များ အပေါ်  ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာလုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီးတို့အနေ ဖြင့် ယခင်နှစ်များက   အားသာ ချက်၊    အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး Coronavirus Disease   2019  (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက် များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ    အခမ်းအနားကြီး အောင်မြင်စွာ  ကျင်းပပြုလုပ်နိုင် ရေးကုသိုလ်ယူ     ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်    နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်     ပေါင်းစပ် ညှိနှိုင်း စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း     နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။              

သတင်းစဉ်