ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်ချက်

 

၂၀၂၃ ခုနှစ် ဧပြီ  ၁၆
၁။    မြန်မာ့ရိုးရာမဟာင်္ကြန်ပွဲတော် အကြတ်နေ့ဖြစ်သည့် ၂၀၂၃ခုနှစ် ဧပြီလ(၁၅)ရက် နေ့ နံနက် ၉ နာရီ  ၃၀ မိနစ်အချိန်ခန့်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ မြို့နယ် အစိုးရအဖွဲ့ရုံး(ဗဟို)  မဏ္ဍပ်၌ ကလေးငယ်များအပါအဝင် ပြည်သူများရေကစားနေစဉ် PDFအမည်ခံ အကြမ်းဖက်သမား များက Drone  တစ်စီးဖြင့်  Drop  Bomb တစ်လုံး   ပစ်ချတိုက်ခိုက်ခဲ့သဖြင့်   အပြစ်မဲ့ပြည်သူ  အမျိုးသား  ၁၅ ဦးနှင့် အမျိုးသမီး ၁၃ဦး စုစုပေါင်း ၂၈ ဦး  ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း  သိရှိရပါ သည်။ 
၂။    PDFအမည်ခံ အကြမ်းဖက်သမားများက စစ်ရေးနှင့် မသက်ဆိုင်သော နေရာများဖြစ်သည့် မဟာ သင်္ကြန်ရေကစားမဏ္ဍပ်အား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်အား     လက်မခံနိုင်ပါကြောင်းနှင့်      ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဘာသာပေါင်းစုံ   ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ   သတင်း ထုတ်ပြန်အပ်ပါသည်။
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
  ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)