ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ  ၄
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ   စမ်းသပ် မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် သီရိရတနာ ခန်းမ၌   ကျင်းပရာ    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြားသည်။ 
ဦးစွာ မြန်မာနိုင်ငံ  အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်က အဖွင့်အမှာ စကားပြောကြားပြီး   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြု ဆောင်ရွက် ရသည့်ရည်ရွယ်ချက်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူး များကို လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။  
ထို့နောက် မဲရုံတစ်ရုံအတွင်း    မဲပေးမည့်ပုံစံများ အတိုင်း သရုပ်ပြခင်းကျင်း၍ တက်ရောက်လာကြသူ များက လက်တွေ့စမ်းသပ်မဲပေးကြသည်။
ယင်းနောက်    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မြန်မာအီလက်ထရောနစ် မဲပေး စက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းသရုပ်ပြမှုကို ကြည့်ရှု စစ်ဆေးပြီး MEVM မဲပေးစက်အသုံးပြုဆောင်ရွက် ခြင်း၏အားသာချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာ ပညာရှင်များ  တီထွင်ထုတ်လုပ်ထားသော   MEVM စက်၏ အဆင့်မီဆောင်ရွက်နိုင်မှုများနှင့် ဆောင်ရွက် ရန်ရှိသည်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ   အခမ်းအနားသို့      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ   အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တာဝန် ရှိသူများတက်ရောက်၍ မဲပေးစက်ဖြင့်  လက်တွေ့ဆန္ဒ မဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။    သတင်းစဉ်