ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး

နေပြည်တော်  အောက်တိုဘာ  ၁၂


ပြည်ထောင်စု     ရွေးကောက်ပွဲကော်မရှင်သည် 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော  “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း”  ဆိုသည့်  တာဝန်နှင့်အညီ   နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊  ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေး ခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိ  စစ်ဆေးဆောင်ရွက်လျက်ရှိရာ  မွန်ပြည်နယ် အခြေစိုက်ဖြစ်ကြသော အမျိုးသမီးပါတီ ( မွန် ) ကို အောက်တိုဘာ ၃ရက်မှ ၆ ရက်အထိ လည်းကောင်း၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီကို အောက်တိုဘာ ၃ ရက် မှ ၈ ရက်အထိလည်းကောင်း၊ မွန်ညီညွတ်ရေး ပါတီ ( Mon Unity Party ) ကို အောက်တိုဘာ  ၄ ရက် မှ ၈ ရက်အထိလည်းကောင်း၊   ပဲခူးတိုင်းဒေသကြီး အခြေစိုက်ဖြစ်ကြသော      လမ်းပြကြယ်ပါတီ၊ ပြည်ထောင်စု လယ်သမား   အလုပ်သမားအင်အားစု ပါတီနှင့်မြန်မာနိုင်ငံ   အလုပ်သမား  လယ်သမား မဟာမိတ်ပါတီ [Alliance of Myanmar’s Worker and Farmer Party (A.M.W.F.P)] တို့ကို အောက်တိုဘာ ၄ ရက်မှ ၈ ရက်အထိလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး   အခြေစိုက်ဖြစ်ကြသော အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ ၊     ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီတို့ကို အောက်တိုဘာ  ၄ ရက်မှ ၈ ရက်အထိလည်းကောင်း၊   ရှမ်းပြည်နယ် အခြေစိုက်ဖြစ်သော      ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို အောက်တိုဘာ  ၄ ရက် မှ ၈ ရက်အထိလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ဖြစ်သော မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား  ပြည်သူ့ပါတီကို အောက်တိုဘာ   ၄ ရက် မှ  ၆ ရက်အထိလည်းကောင်း၊   ကရင်ပြည်နယ် အခြေစိုက်ဖြစ်ကြသော  ဖလုံ - စဝေါ်ဒီမိုကရက်တစ် ပါတီနှင့်    ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ( Karen  National Democratic Party )    တို့ကို အောက်တိုဘာ  ၅ ရက်မှ ၈ ရက်အထိလည်းကောင်း  စစ်ဆေးဆောင်ရွက်ခဲ့သည်။


ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ဖြင့်    ဖွဲ့စည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်