ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကာကွယ်ရေးဝန်ကြီးဌာန၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသ၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ  ၇


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်   စပ်လျဉ်း၍   ရှင်းလင်းပြသခြင်းနှင့်  လက်တွေ့သရုပ်ပြ  စမ်းသပ်မဲပေးခြင်းကို  ယနေ့ နံနက်ပိုင်းတွင်  ကာကွယ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်  ကာကွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊   ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။


ဦးစွာ           ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး  အရာထမ်း၊ အမှုထမ်း ၁၆၀  က  မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည်      ကျင်းပမည့် ရွေးကောက်ပွဲများတွင်   ခေတ်နှင့် လျော်ညီစွာ   နည်းပညာအကူအညီ ရယူ၍    Myanmar Electronic Voting Machine (MEVM)    စက် များအား  ပြည်တွင်းနည်းပညာရှင် များဖြင့်   မြန်မာနိုင်ငံအခြေအနေနှင့်ကိုက်ညီမှုရှိစွာ  ဖန်တီးဆောင် ရွက်ထားရှိမှုသည်  အဆင့်အတန်း ပြည့်မီသော     ရွေးကောက်ပွဲများ ဖော်ဆောင်နိုင်ရေး     အားထုတ် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည်။  မဲဆန္ဒရှင်များအနေဖြင့်    အချိန်တို အတွင်း  ရိုးရှင်းလွယ်ကူစွာ မဲပေး စက်     အသုံးပြုမဲပေးနိုင်သည့် အတွက်    မဲလက်မှတ်ရိုက်နှိပ်မှုကုန်ကျစရိတ်၊      မဲရုံသုံးပစ္စည်း ဝယ်ယူမှုကုန်ကျစရိတ်     စသည့် သမားရိုးကျစရိတ်များအား လျှော့ချ နိုင်ခြင်း၊   ယခင်အခြေအနေတွင် အကြောင်းအမျိုးမျိုးကြောင့်   ဖြစ် ပေါ်နိုင်သည့်   ပယ်မဲများ   မရှိနိုင် တော့သည့်အတွက်  မဲဆန္ဒရှင်တို့ ၏ ဆန္ဒမဲများ  အဟောသိကံဖြစ်မှု မရှိနိုင်တော့ခြင်း၊  မဲရလဒ်များကို အချိန်တိုအတွင်း    သိရှိနိုင်ခြင်း၊ မဲလက်မှတ်များ            ဖောင်းပွစွာ ရိုက်နှိပ်မှုကဲ့သို့သော မဲမသမာမှု များ   မရှိနိုင်တော့ခြင်း    အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ 


မဲပေးရာတွင်လည်း မဲဆန္ဒရှင် များအနေဖြင့် မိမိတို့မဲပေးရွေးချယ် ခဲ့သည့်    ပါတီ/  ကိုယ်စားလှယ် လောင်းကို      ဆန္ဒမဲဖြတ်ပိုင်းတွင် မျက်မြင်တွေ့ရှိပြီးမှ   မဲပုံးအတွင်း သို့    ရောက်ရှိသွားသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် မဲပေး နိုင်သည့်အပြင် မဲရလဒ်နှင့် စပ်လျဉ်း ၍      အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်ပါကလည်း     မဲရလဒ် များ    ဖော်ပြသည့်ဖြတ်ပိုင်းအား မဲဆန္ဒရှင်များ         ဆန္ဒပြုခဲ့သည့် ဆန္ဒမဲဖြတ်ပိုင်းများနှင့် တိုက်ဆိုင် စစ်ဆေးနိုင်သည့်အတွက် ပွင့်လင်း မြင်သာမှုရှိရှိ   ဆောင်ရွက်ထား သည်ကို တွေ့ရှိရမည်ဖြစ်သည်။ 


ထိုကဲ့သို့သော   ရည်ရွယ်ချက် ကောင်း၊    အကျိုးကျေးဇူးကောင်း များစွာဖြင့်   တီထွင်ဆောင်ရွက် ထားသော MEVM စက်ကို  အများ ပြည်သူ      ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်     အတွက် ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်  ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ သွားရောက်၍ သရုပ်ပြ   ရှင်းလင်းဆွေးနွေးခြင်း များကို  မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းတစ်ရပ်အနေဖြင့်   စနစ် တကျ        ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ   ဝန်ကြီးဌာန/  အဖွဲ့ အစည်း   ၃၃   ခု၌    အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၆၄၇၄ ဦးတို့မှ လက်တွေ့    စမ်းသပ်မဲပေးခြင်း  များ    ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

 ဆောင်ရွက်ရာတွင်လည်း  စက်နှင့် ပတ်သက်၍ ချွတ်ယွင်းချက် တစ်စုံ တစ်ရာမျှ ဖြစ်ပေါ်ခြင်းမျိုးမရှိသည့် အပြင်  အချိန်တိုအတွင်း  အခက် အခဲမရှိ   ရိုးရှင်းလွယ်ကူစွာဖြင့် စမ်းသပ်မဲပေးခဲ့ကြသည်ကို တွေ့ရှိ ရသည်။ ဝန်ကြီးဌာန/အဖွဲ့အစည်း များမှ  အရာထမ်း၊ အမှုထမ်းများ၏ လက်တွေ့မဲပေးမှု   အတွေ့အကြုံ များမှတစ်ဆင့် အကြံပြုဆွေးနွေး ချက်များရှိပါကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်း      အကြံပြုချက်များအပေါ် သုံးသပ်၍ ပိုမိုကောင်းမွန်သည့်စနစ် အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်သည်။  

သတင်းစဉ်