
မောင်တော အောက်တိုဘာ ၃၀
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ သည် ရခိုင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ မှ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန် ထွဋ်နှင့်အတူ အောက်တိုဘာ ၂၉ ရက်က မောင်တောခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်း များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ သည်။
ဝန်ထမ်းများနှင့် တွေ့ဆုံရာ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ရွေးကောက် ပွဲဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေ အနေများအား ရှင်းလင်းပြောကြား ပြီး ဝန်ထမ်းများအနေဖြင့်် ရုံးလုပ်ငန်းများ ကျွမ်းကျင်အောင် ဆောင်ရွက်ကြရန်နှင့် ရွေးကောက် ပွဲဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ လေ့လာဖတ်ရှုကြရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ဘူးသီးတောင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအား စစ်ဆေးခြင်းနှင့် မောင်တောခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့ ကညင်တန်း (မြို့မ)ရပ်ကွက်ရှိ မောင်တော မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဆောက်လုပ်ပြီးစီးမှုအခြေ အနေကို လည်းကောင်း၊ ယာယီ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)