ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့၏ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံရမှုအပေါ် ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့သည့် ထုတ်ပြန်ချက်

 

နေပြည်တော်၊ နိုဝင်ဘာ ၉ ရက်

 

၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန် အား  လွှဲပြောင်းရယူပြီးနောက်  နိုင်ငံတော်တည်ငြိမ်ရေးနှင့်  ရပ်ရွာ အေးချမ်းသာယာရေးအတွက် အစဉ်အမြဲ ရှေးရှုဆောင်ရွက်လျက်ရှိ ပါသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး    ရည်ရွယ်၍   ပြစ်ဒဏ်ကျခံနေရ သူများအပေါ်တွင်သော်လည်းကောင်း၊ အကြောင်းအရာတစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ  စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေ သူများအပေါ်တွင်လည်းကောင်း အတတ်နိုင်ဆုံး အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိသည်။ 
၂။    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင်    အနိုင်ရပါတီအစိုးရမှ    ၂၀၂၀  ပြည့်နှစ်  ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ခန့်အပ်ထားပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ခဲ့၍ ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်အသီးသီး ချမှတ်ခြင်းခံထားရသူများ အနက် ယခင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်း နှင့် ကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့လည်း ပါဝင်ခဲ့သည်။ တပ်မတော်အနေဖြင့် ၎င်းတို့၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် မဲစာရင်းမှားယွင်းမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်အပေါ် ပြန်လည်ဖြေရှင်းပေးရန်   တောင်းဆိုမှုနှင့်ပတ်သက်၍   နိုင်ငံတော် သမ္မတဟောင်းဖြစ်သူ   ဦးဝင်းမြင့်ထံ   ၎င်းတို့မှတင်ပြခဲ့သော်လည်း နိုင်ငံတော်သမ္မတဟောင်းက ၎င်း၏နိုင်ငံရေးအရ ရရှိထားသည့် အခွင့် အာဏာထက်ကျော်လွန်ကာ ကော်မရှင်လုပ်ဆောင်ချက်များအပေါ် လွှမ်းမိုးထားမှုရှိခဲ့ပြီး မဲစာရင်းများကို ပြန်လည်စစ်ဆေးရန် ငြင်းဆန်ခဲ့ ကြောင်း  ၎င်းတို့ကိုယ်တိုင်၏ ထုတ်ဖော်ပြောဆိုချက်များအရ အများ ပြည်သူတို့ သိရှိပြီးဖြစ်သည်။
၃။    အဆိုပါ ပြစ်မှုကျူးလွန်သူများအနေဖြင့် ပြစ်ဒဏ်ကျခံရာတွင် ၎င်းတို့၏ အသက်အရွယ်ကြီးမြင့်မှုနှင့် ကျန်းမာရေးအခြေအနေတို့အရ ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်ဝန်ခံလျက် ဆက်လက်ကျခံရန် ကျန်ရှိနေသည့်ပြစ်ဒဏ်အား  ဖြေလျှော့ပေးပါရန်  နိုင်ငံတော်အစိုးရ ထံသို့ အသနားခံစာ တင်ပြခဲ့ကြသည်။
၄။    သို့ဖြစ်ပါ၍ နိုင်ငံတော် အစိုးရအနေဖြင့် ယခင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြင့်နိုင်တို့အား   လူမှုရေးအရ ငဲ့ညှာသောအားဖြင့်   လည်းကောင်း၊ နိုင်ငံတော်၏  မေတ္တာနှင့်စေတနာကို   နားလည်စေရန်   ရှေးရှုသော အားဖြင့်လည်းကောင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၌ ဆက်လက်ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များအား ဖြေလျှော့ပေး၍ ကျခံနေရသည့်   ပြစ်ဒဏ်အသီးသီးမှ   ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ ကြောင်း ထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့