
နေပြည်တော် စက်တင်ဘာ ၈
ပြည်ထောင်စုအစိုးရအဖွဲ့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် များ ထပ်ဆင့်ရှင်းလင်းဆွေးနွေး ခြင်းကို ယနေ့ နံနက် ၁၀ နာရီ တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ သည်။
ကျင်းပပြီးစီးခဲ့သည့် ပြည် ထောင်စုအစိုးရအဖွဲ့ ခြောက်လ တာကာလ လုပ်ငန်းဆောင်ရွက် ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်များ အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် က ထပ်ဆင့်ရှင်းလင်းမှာကြား ပြီး ညွှန်ကြားချက်များအပေါ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အနေဖြင့် လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်ရန် စီမံထားရှိမှု အခြေအနေများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များ အလိုက် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရန် လျာထားခြင်းများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန် များအလိုက် အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးမှာကြား သည်။
ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ ဝင်များဖြစ်သည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဥက္ကဋ္ဌရုံး အဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် များမှ ပါမောက္ခချုပ်များက ၂၀၂၂ ခုနှစ် ခြောက်လပတ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နိုင်မှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များ ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်