ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ်(၁၂)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းအခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်   မတ်    ၃၀


ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ် စဉ် (၁၂) နှင့် အဆင့်မြင့်အရာထမ်း သင်တန်း အမှတ် စဉ် (၁၃) တို့၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် နီလာ ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးစစ်အေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြား ရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာ ပြည်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား    သင်တန်းသူများ     တက်ရောက် ကြသည်။ 

 


ဦးစွာ   ပြည်ထောင်စုရာထူးဝန်အဖွဲ့     ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံတော်အနေဖြင့် ဝန်ထမ်းအဖွဲ့ အစည်း     အကြီးအမှူးသင်တန်းနှင့်     အဆင့်မြင့် အရာထမ်းသင်တန်းများကို အတွေ့အကြုံရင့်ကျက် ပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားသော  နိုင်ငံ့ဝန်ထမ်း အဆင့်မြင့် အရာရှိကြီးများအတွက် ခေါင်းဆောင်မှုနှင့်  စီမံခန့်ခွဲမှုအရည်အသွေး ပိုမိုထူးချွန်ပြီး ဘက်ပေါင်းစုံ မှ  စဉ်းစားတွေးခေါ်  အမြော်အမြင်ဖြင့်   ပြည့်စုံမှု၊ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု၊    စူးစမ်းရှာဖွေ    လေ့လာ သင်ယူနိုင်စွမ်းရှိမှုနှင့်   ဆန်းစစ်ဝေဖန်  သုံးသပ်နိုင်မှု စသည့် အရည်အသွေးကောင်းများ ထက်မြက်လာ စေရန်ဖြစ်ပါကြောင်း။

 


သင်တန်းသားများသည် အဆင့်မြင့်အရာရှိကြီး များဖြစ်သည်နှင့်အညီ နိုင်ငံတော်တည်ဆောက်ရေး  တွင် အရေးပါသည့်ကဏ္ဍများ၌ အဆင့်မြင့်တာဝန် များ ထမ်းဆောင်ခွင့်ရသူများလည်းဖြစ်ပါကြောင်း၊ ထို့အပြင် အနာဂတ် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက် ရန် နိုင်ငံ့ဝန်ထမ်းများသည် အဓိကတာဝန်ရှိသူများ လည်းဖြစ်ပါကြောင်း၊    ယခုသင်တန်းမှ    ရရှိသည့် ပညာရပ် အတွေ့အကြုံ၊ ဗဟုသုတများကို အခြေခံပြီး  ခေတ်မီနည်းပညာများဖြင့်    အသုံးချကာ    အဆင့် မြင့်မြင့်တွေးခေါ် စီမံဆောင်ရွက်တတ်သူများ ဖြစ်လာ စေလိုကြောင်း၊    နိုင်ငံတော်မှ     ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်အပေါ် မိမိတို့နှင့် သက်ဆိုင်သော အခန်းကဏ္ဍကိုလိုက်၍  အလေးထား တာဝန်ထမ်းဆောင်သွားကြရန် လိုအပ် ပါကြောင်း၊    နိုင်ငံတော်အကြီးအကဲမှ     အခါအား ‌လျော်စွာ ချမှတ်လမ်းညွှန်သော ညွှန်ကြားချက်များကို  မျက်ခြည်မပြတ် အထူးအလေးထားဆောင်ရွက်ပြီး  နိုင်ငံတော်၏ အကျိုးအတွက် မိမိတို့ဌာနအလိုက်  လုပ်ငန်းတာဝန်များကို   တာဝန်ယူမှု၊    တာဝန်ခံမှု၊  စိတ်စေတနာအပြည့်ဖြင့်    သစ္စာရှိစွာ     တာဝန် ထမ်းဆောင်သွားရန်လိုကြောင်း၊       သင်တန်းမှ သင်ကြားပေးလိုက်သော သင်ခန်းစာများကို အခြေခံ ၍ နိုင်ငံတကာအဆင့်မီ ပညာရပ်များကို စဉ်ဆက် မပြတ်လေ့လာခြင်း၊    သုံးသပ်ခြင်းများ    ပြုလုပ်၍ မိမိတို့၏    ကိုယ်ရည်ကိုယ်သွေး     တိုးတက်အောင် ဆောင်ရွက်ရင်း နိုင်ငံတော်နှင့် ပြည်သူတို့၏ အားကိုး ယုံကြည်ရသော နိုင်ငံ့ဝန်ထမ်းများအဖြစ် အဆင့်မြင့်  တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်သူများ ဖြစ်လာရန်     မျှော်လင့်ပါကြောင်း      တိုက်တွန်း မှာကြားသည်။ 

 


 ထို့နောက်    သင်တန်းသား   သင်တန်းသူများ အား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်သည်။ (ဝဲပုံ)
ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂) သို့ သင်တန်း သား  ၁၇  ဦးနှင့်   အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၃) သို့ သင်တန်းသား ၃၉ ဦး တက် ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တ ရှစ်ပတ် ကြာမြင့်ခဲ့သည်။

 


ထို့နောက် တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ နှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက် အအုံများ၊    ၂၀၂၃ - ၂၀၂၄   ခု     ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောက်လုပ် အကောင်အထည်ဖော်မည့် တည်ဆောက်ရေး        လျာထားမြေနေရာများနှင့် သစ်သီးဝလံ စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များ    မှာကြားခဲ့ကြောင်း သိရသည်။                   

 သတင်းစဉ်