
နေပြည်တော် ဇန်နဝါရီ ၂၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ရေးရာဦးစီး ဌာနမှကြီးမှူးကျင်းပသည့် ပြည် ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ တက္ကသိုလ်၊ ကောလိပ် များ လူငယ်စကားဝိုင်းနှင့် လူငယ် လေ့လာရေးခရီးစဉ် (၁/၂၀၂၄) အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ရေးရာ ဦးစီးဌာနအနေဖြင့် လူသားအရင်း အမြစ်များဖြစ်သည့် လူငယ်များ ဒေသန္တရ ဗဟုသုတရရှိစေရေး၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင် ရွက်တတ်စေရေး၊ လူငယ်များ အကြား ခေတ်မီနည်းပညာများနှင့် အတွေ့အကြုံ ဗဟုသုတများ ဖလှယ်နိုင်စေရေး၊ အားကစား လှုပ်ရှားမှုများကို စိတ်ပါဝင်စား လာစေရေးတို့အတွက်ရည်ရွယ်၍ လူငယ်လေ့လာရေး ခရီးစဉ်ကို ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း သုံးကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယနေ့ လူငယ်လေ့လာရေး ခရီးစဉ်တွင် တက္ကသိုလ် ကျောင်းများနှင့် ကောလိပ်များမှ ကျောင်းသား ကျောင်းသူ လူငယ်များပါဝင်သည့် လူငယ်စကားဝိုင်းနှင့် လူငယ် လေ့လာရေးခရီးစဉ်ကို စတုတ္ထ အကြိမ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း။
ယခုလေ့လာရေး ခရီးစဉ်သို့ လာရောက်ကြသည့် ကျောင်း သား ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင် အသစ်တစ်ရပ်နှင့် ထိတွေ့ရမှုကြောင့် စိတ်ကို လန်းဆန်းစေနိုင်ပြီး ဖန်တီးမှု အားကောင်းအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မည် ဖြစ်သည့် အတွက် လေ့လာမှတ်သားသင့် သည်တို့ကို အကျိုးရှိစွာ လေ့လာ သင်ယူမှတ်သားပြီး ယနေ့စကား ဝိုင်း၏ ဆောင်ပုဒ်ဖြစ်သည့် ‘‘နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာများ မျှဝေစို့’’ ဆိုသည့် ဆောင်ပုဒ် အတိုင်း ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်ကို တည်ဆောက် သည့်အခါ လူငယ်များအနေဖြင့် မိမိတို့စိတ်ပါဝင်စားသည့်၊ သင်ယူ ထားသည့် နည်းပညာများကို စကားဝိုင်းတွင် မျှဝေရင်း နိုင်ငံ့ အကျိုးကို တစ်ဖက်တစ်လမ်းမှ သယ်ပိုးထမ်းဆောင်နိုင်ကြသည့် လူငယ်မောင်မယ်များ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ‘‘နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ နည်းပညာများမျှဝေစို့’’ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း အစီအစဉ်ကိုကျင်းပပြီး လူငယ် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူ များကို မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော် လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌတို့က ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ဒုတိယပိုင်းအခမ်း အနားကို ဆက်လက်ကျင်းပရာ Fitness Dance အဖွဲ့က သရုပ်ပြ ကပြဖျော်ဖြေခြင်းနှင့် လူငယ်များ စုပေါင်း Games ကစားခြင်းများ ဆောင်ရွက်ကြပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့ အားကစား လှုပ်ရှားမှုပြခန်းများ တွင် မြန်မာနိုင်ငံ၏ အစဉ်အဆက် အားကစား အောင်မြင်ခဲ့မှုများ၊ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့သည့် ထင်ရှားသည့် အားကစားသမား များ၏ ပုံတူရုပ်တုများကို ပြသ ထားသည့် ပြခန်းများအား လေ့လာခြင်းနှင့် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းအား လေ့လာ ခြင်းများ ဆောင်ရွက်ကြသည်။
အခမ်းအနားသို့ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်