ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားတို့ ဆက်ကပ်လှူဒါန်း

နေပြည်တော်    စက်တင်ဘာ  ၂၆


ပြည်ထောင်စုနယ်မြေ     နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့်   သီလရှင်ကျောင်း များသို့    နေပြည်တော်ကောင်စီ၊    နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့်    ဌာနဆိုင်ရာများမှ  ဆွမ်းဆန်တော်၊   ဆီ၊  ပဲ၊   ဆားတို့    ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ   ယနေ့နံနက်   ၈   နာရီတွင် နေပြည်တော်ကောင်စီရုံး          ဇမ္ဗူသီရိခန်းမ၌ လည်းကောင်း၊ နံနက် ၉ နာရီတွင်  ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ သာသနပါလ ဓမ္မရိပ်သာ (မြိတ်)ကျောင်း၌ လည်းကောင်း၊ နံနက်  ၁၀ နာရီတွင် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ   သတ္တသတ္တာဟ  “ပွင့်”  စေတီဓမ္မာရုံ၌ လည်းကောင်း အသီးသီးကျင်းပခဲ့သည်။


ဆက်ကပ်လှူဒါန်း


နေပြည်တော်ကောင်စီရုံး     ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် လှူဒါန်းပွဲအခမ်းအနားတွင် ပုဗ္ဗသီရိ မြို့နယ် အောင်စည်သာကျောင်းတိုက် ပဓာနနာယက   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်သံဃာတော် များ  ကြွရောက်ချီးမြှင့်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်  ဧည့်ပရိသတ် များက ဆရာတော်သံဃာတော်များနှင့်  သီလရှင် ဆရာကြီးတို့အား      လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားတို့ ဆက်ကပ်လှူဒါန်း ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


အလားတူ    နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သာသနပါလ ဓမ္မရိပ်သာ   (မြိတ်)ကျောင်းတွင်      ဆရာတော် သံဃာတော်များနှင့်      သီလရှင်ဆရာကြီးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားတို့ကိုလည်းကောင်း၊     သတ္တသတ္တာဟ    “ပွင့်”  စေတီဓမ္မာရုံ၌       နေပြည်တော်      တပ်ကုန်းမြို့  ရွှေအင်းရိပ်သာကျောင်းတိုက်       ပဓာနနာယက   နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ ပညာသာမိအမှူးပြုသော    ဆရာတော်     သံဃာတော် များ     ကြွရောက်ချီးမြှင့်ရာ    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဆရာတော်၊  သံဃာ တော်များနှင့်    သီလရှင်ဆရာကြီးတို့အား   လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆား တို့ကိုလည်းကောင်း      ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက်      ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


လှူဒါန်းခဲ့


ယနေ့လှူဒါန်းရာတွင် နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း  ၂၆၉  ကျောင်း၊   သီလရှင် ကျောင်း ၁၁ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော် မူကြသော သာမဏေ ၁၁၀၃ ပါး၊ သီလရှင် ၂၆၆ ပါး တို့အတွက် ဆွမ်းဆန်တော် ၄၈၄ အိတ်၊ ဆီပိဿာ ၁၃၉၀၊ ပဲ ၇၂၅ ပိဿာ၊ ဆား ၇၂၅ ပိဿာတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်