ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား အပြန်အလှန်ချိတ်ဆက်မှုများ ခိုင်မာအားကောင်းမည်ဆိုပါက ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သော မြန်မာနိုင်ငံ ဖြစ်ထွန်းလာနိုင်မည်ဖြစ်သည့်အတွက် အတူပူးပေါင်းပါဝင်ဆောင်ရွက်

 

နေပြည်တော်  အောက်တိုဘာ   ၁၃


၂၀၂၁ ခုနှစ်  အပြည်ပြည်ဆိုင်ရာ  သဘာ၀ဘေးအန္တရာယ်  ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  ကျင်းပရာ   အမျိုးသားသဘာ၀ဘေး  အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်အမှာစကားပြောကြားသည်။


အခမ်းအနားသို့  အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့်        
တာဝန်ရှိသူများတက်ရောက်ကြပြီး               ဖိတ်ကြား ထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ဒုတိယဝန်ကြီးများ၊   အစိုးရအဖွဲ့ဝင်များ၊  ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ အစိုးရအဖွဲ့မဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက   Video   Conferencing   စနစ်ဖြင့်    တက်ရောက်ကြသည်။


ပိုမိုတိုးမြှင့်ဆောင်ရွက်


ဦးစွာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြား ရာတွင် ယခုအခမ်းအနားကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း     ကျင်းပနေကြ ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ကမ္ဘာ တွင်  နှစ်စဉ်ပိုမိုကြုံတွေ့လာရသည့်  သဘာဝဘေး အန္တရာယ်များကြောင့်    ထိခိုက်ဆုံးရှုံးမှုများကို အလေးထားပြီး ထိရောက်စွာ စီမံခန့်ခွဲလျှော့ချနိုင်ရန် အတွက် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ်ထိ (၁၀)နှစ် တာကာလကို  အပြည်ပြည်ဆိုင်ရာ  သဘာဝဘေး အန္တရာယ်လျှော့ချရေး ဆယ်စုနှစ် (The Internatio- nal Decade for Natural Disaster Reduction - IDNDR) အဖြစ် သတ်မှတ်ပြီး သဘာဝဘေးအန္တရာယ် ကြောင့်   ထိခိုက်ဆုံးရှုံးမှု   လျော့ပါးသက်သာရေး လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများအားလုံး ပိုမိုတိုးမြှင့် ဆောင်ရွက်ခဲ့ပါကြောင်း။


ချမှတ်ဆောင်ရွက်


ယခုကဲ့သို့  ဆယ်စုနှစ်သတ်မှတ်   အကောင် အထည်ဖော်ဆောင်ရွက်နေသော်လည်း    ဘေး အန္တရာယ်များကြောင့် ထိခိုက်ခံရမှုများ  သိသာစွာ လျော့နည်းသွားမှု   မရှိသည့်အတွက်  ဆယ်စုနှစ် အစီအစဉ်   အကောင်အထည်ဖော်နေဆဲကာလ ဖြစ်သည့် ၁၉၉၄ ခုနှစ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ပထမဆုံး အကြိမ်  ကမ္ဘာ့ညီလာခံကိုကျင်းပပြီး   ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊         ကြိုတင်ပြင်ဆင်ရေး၊ လျော့ပါးရေးတို့နှင့်ပတ်သက်သည့် ယိုကိုဟားမား မဟာဗျူဟာနှင့်  လုပ်ငန်းစီမံချက်များကို  ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း။


 ၂၀၀၅ ခုနှစ်တွင် ဒုတိယအကြိမ် ကမ္ဘာ့ညီလာခံကို ဂျပန်နိုင်ငံ ယိုဂိုမြို့တွင် ကျင်းပခဲ့ပြီး ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ယိုဂိုမူဘောင် (၂၀၀၅-၂၀၁၅)ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လတွင် တတိယ အကြိမ် ကမ္ဘာ့ညီလာခံက ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)ကိုလည်းကောင်း အသီးသီးရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြပါကြောင်း။


နှစ်စဉ်မပျက်ကျင်းပခဲ့


 မြန်မာနိုင်ငံအနေဖြင့် ယိုဂိုမူဘောင်နှင့် ဆန်ဒိုင်း မူဘောင်ပါလုပ်ငန်းစဉ်များနှင့်အညီ  နိုင်ငံ၏ရေမြေ သဘာဝနှင့် တည်ရှိမှုအနေအထားများအရ  ဖြစ်ပွား လေ့ရှိသည့် ဘေးအန္တရာယ်များကို  မိမိတို့တွင်ရှိသည့် အရင်းအမြစ်များနှင့်    လိုက်လျောညီထွေသော လုပ်ငန်းစီမံချက်များ၊ ဖွဲ့စည်းဆောင်ရွက်မှုများဖြင့် စီမံခန့်ခွဲအကောင်အထည်ဖော်    ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို (၂၀၁၀)ပြည့်နှစ်ကစပြီး နှစ်စဉ်မပျက် ကျင်းပခဲ့ပါ ကြောင်း၊ ကျင်းပသည့်အခါတွင် ဦးတည်ကဏ္ဍများ၊ လုပ်ငန်းနယ်ပယ်များအလိုက် နှစ်စဉ်သတ်မှတ်ထား သည့် ဆောင်ပုဒ်များအတိုင်း ကျင်းပခဲ့ပြီး ယခုနှစ် အခမ်းအနားအတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ် မှာ “ဒို့ကမ္ဘာမြေကို  ထိန်းသိမ်းဖို့၊  တွဲလက်ခိုင်မာ ပူးပေါင်းစို့” “Only  together..Can we save the planet!” ဖြစ်ပါကြောင်း။


သတ်မှတ်ထားသည့်ဆောင်ပုဒ်ဖြစ်


ယင်းဆောင်ပုဒ်သည်           ကမ္ဘာ့နိုင်ငံအားလုံး သဘောတူလက်ခံပြီး  ကျင့်သုံးအကောင်အထည် ဖော်နေသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၏ ပန်းတိုင်(၇)ခုအနက် ၂၀၂၁  ခုနှစ်တွင် ဆောင်ရွက်ရမည့် ပန်းတိုင်(၆) (Target F)ဖြစ်သော ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်ဆောင်ရွက် ရာတွင်  ဖွံ့ဖြိုးဆဲနိုင်ငံများ၏  နိုင်ငံတော်အဆင့် လုပ်ငန်းဆောင်ရွက်မှုများသို့   လုံလောက်သော ထောက်ပံ့မှုများကို ပေးနိုင်ရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို   ၂၀၃၀   ပြည့်နှစ် အရောက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်    အကောင်အထည်ဖော်ရေးနှင့်အညီ     သတ်မှတ်ထားသည့်    ဆောင်ပုဒ်ဖြစ် ပါကြောင်း။


 ယင်းဆောင်ပုဒ်နှင့်အညီ ယခုနှစ်အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်ကျရောက် နိုင်ခြေနှင့် ဖြစ်ပွားနိုင်ခြေများပြားပြီး ဘေးအန္တရာယ် များကြောင့်      ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နေရာဒေသများ၊ သက်ရှိ၊   သက်မဲ့များ၊  သဘာဝ ပတ်ဝန်းကျင်များကို  ဖျက်ဆီးခံရမှု၊   ထိခိုက်စေမှု၊ ဆုံးရှုံးစေမှုများမှ ကာကွယ်ပေးနိုင်ရန်၊ လျှော့ချပေး နိုင်ရန်၊ လျော့ပါးစေရန်အတွက် ပြီးခဲ့သည့်ဖြစ်စဉ်၊ ဖြစ်ရပ်များအပေါ် အားနည်းချက်၊ အားသာချက် များကို    သင်ခန်းစာဖော်ထုတ်ပြီး   ကျယ်ပြန့်သည့် အသိပညာဖြန့်ဝေမှု လုပ်ငန်းစဉ်ကြီး ဖြစ်ထွန်းလာ ရေးကို ရည်မှန်းပြီး ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။


ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပေါ်ပေါက်လာ သည့်   အခက်အခဲနှင့်   စိန်ခေါ်မှုများကြားက  ဆောင်ရွက်နေသည့် အမျိုးသားအဆင့်၊ ရပ်ရွာလူထု အဆင့် ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများတွင် နိုင်ငံတကာကူညီထောက်ပံ့သူများ၊ အဖွဲ့အစည်းများ အနေနှင့် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ပူးပေါင်းဆောင်ရွက်မှ    ကောင်းမွန်တိုးတက်သည့် ရလဒ်ကောင်းများ  ရရှိနေသည့်အဖွဲ့အစည်းများ ကိုလည်း စံနမူနာပြုဖော်ထုတ်ပေးရန် အစီအမံများကို မြှင့်တင်လိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ် ခြင်းဖြစ်ပါကြောင်း။


အထင်ရှားဆုံးသာဓက တစ်ခုဖြစ်


၂၀၀၈ ခုနှစ်က  တွေ့ကြုံခံစားခဲ့ရသည့် နာဂစ် မုန်တိုင်းသည် မိမိတို့နိုင်ငံ၏ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုသမိုင်းကြောင်းတွင်    အဖျက်စွမ်းအား အကြီးမားဆုံးနှင့် အာရှဒေသတစ်ခုလုံးတွင်လည်း ၁၉၉၁ ခုနှစ်  နောက်ပိုင်း   အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရသည့်  ရာသီဥတုပြောင်းလဲမှု၏ အထင်ရှားဆုံးသာဓက တစ်ခုဖြစ်ပါကြောင်း။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု စောင့်ကြည့်လေ့လာရေးစသော ကမ္ဘာမြေထိန်းသိမ်းရေးကိစ္စရပ်များကို    တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ရာ ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ပထမအကြိမ် ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာညီလာခံ  (First UN Environmental Con- ference)၊ ၁၉၉၂  ခုနှစ်တွင်    ကမ္ဘာမြေထိပ်သီး အစည်းအဝေး (World Earth Summit) စသော ညီလာခံများ၊ အစည်းအဝေးများကို စဉ်ဆက်မပြတ် ကျင်းပခဲ့ကြောင်း၊   ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း    (Climate  Change  Convention)၊ ကျိုတို သဘောတူစာချုပ် (Kyoto Protocol)၊ Bali Roadmap ၊ ပဲရစ်(စ်) သဘောတူညီချက် (Paris Agreement) အစရှိသည့် စာချုပ်များ၊ သဘောတူညီ ချက်များ များစွာထွက်ပေါ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအများစုက လိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း။


ပေါက်ရောက်အောင်မြင်နိုင်


ကမ္ဘာမြေထိန်းသိမ်းမှုနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများသည်    နိုင်ငံ တစ်နိုင်ငံတည်း၊     အဖွဲ့အစည်းတစ်ခုတည်းဖြင့် ဆောင်ရွက်၍ရသည့် လုပ်ငန်းများမဟုတ်ဘဲ နိုင်ငံ အသီးသီး၊   အဖွဲ့အစည်းအသီးသီး၊    လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းက      နယ်ပယ်အလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် အတူတကွ  ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ    ကမ္ဘာလုံးအတိုင်းအတာ၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏      အတိုင်းအတာအလိုက် မျှော်မှန်းထားချက်များကို ပေါက်ရောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။


ထို့ကြောင့် ဘေးအန္တရာယ်ကြောင့်  ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းထားချက် ပန်းတိုင်(၇) ချက် (7 Global  Targets)   အနက် ယခုနှစ်၏ပန်းတိုင်သည် ကမ္ဘာကြီးတည်တံ့ရန်နှင့် သက်ရှိ၊   သက်မဲ့များကို  ဘေးအန္တရာယ်များ၏ ထိခိုက်ခံရမှုမှ လျော့နည်းသက်သာစေရန်အတွက် အားလုံးအတူတကွ    ပူးပေါင်းဆောင်ရွက်ကြရန်၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကိုမြှင့်တင်ရန်၊ အထူးသဖြင့်    နိုင်ငံတကာထောက်ပံ့ကူညီရေး အဖွဲ့အစည်းများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုထောက်ပံ့ကူညီလုပ်ဆောင်ပေးရန်ဆိုသည့် ပန်းတိုင် ကို  သတ်မှတ်ထားပါကြောင်း၊   လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ် များကို      ဆောင်ရွက်ရာတွင်    ယင်းပန်းတိုင်နှင့် လိုက်လျောညီထွေစွာ     တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ဝိုင်းဝန်းပူးပေါင်း တိုက်ဖျက်ဆောင်ရွက် နေကြသည်ကို  အထင်အရှား တွေ့မြင်ရမည်ဖြစ်ပါကြောင်း။


အတူပူးပေါင်းပါဝင်ဆောင်ရွက်


 မိမိတို့နိုင်ငံအနေဖြင့် လက်ရှိကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါ ကဲ့သို့  ကပ်ရောဂါဘေးများ၊ သဘာဝဘေးများ၊ လူသားများ၏ လုပ်ဆောင်မှုကြောင့်  ဖြစ်ပေါ်လာရသည့်  ဘေးအန္တရာယ်များ စသည့်ဘေးအမျိုးမျိုး၏     ထိခိုက်နိုင်မှုများကို လျှော့ချဆောင်ရွက်ကြရာတွင် ရရှိနိုင်မည့် ပြည်တွင်း၊ ပြည်ပကူညီထောက်ပံ့မှုများကို အကျိုးရှိ ထိရောက် စွာ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိ ဌာန၊ အဖွဲ့အစည်းများအနေဖြင့်      အထူးအလေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊  ဌာန၊  အဖွဲ့ အစည်းအချင်းချင်း  အပြန်အလှန်  အချိတ်အဆက် မိမိ   ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပြီး  တိုင်း ဒေသကြီး၊     ပြည်နယ်အစိုးရအဖွဲ့များအကြား အချင်းချင်းချိတ်ဆက်မှု၊ ပြည်ထောင်စုနှင့်   တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား အပြန် အလှန်  ချိတ်ဆက်မှုများ  ခိုင်မာအားကောင်းမည် ဆိုပါက မိမိတို့အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းယန္တရား စဉ်ဆက်မပြတ်လည်ပတ်နိုင်ပြီး မျှော်မှန်းထားသည့် အတိုင်း    ရာသီဥတုပြောင်းလဲမှုနှင့်   လိုက်လျော ညီထွေရှိသော လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ နှင့်အတူ ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သော မြန်မာနိုင်ငံ       ဖြစ်ထွန်းလာနိုင်မည်ဖြစ်သည့်  အတွက်    အတူပူးပေါင်း  ပါဝင်ဆောင်ရွက်ကြရန်  တိုက်တွန်းပါကြောင်း ပြောကြားသည်။


ထို့နောက်  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်  ကုလသမဂ္ဂရုံးအကြီးအကဲတို့ထံမှ ပေးပို့ သည့် သဝဏ်လွှာ (Video Message)များကိုပြသ သည်။    ဆက်လက်ပြီး     အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်  ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။


  ကြည့်ရှုလေ့လာ


ယင်းနောက် ဒုတိယဝန်ကြီးချုပ်သည် အခမ်း အနားသို့     တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့်   လုပ်ငန်းဆောင်ရွက်မှု     မှတ်တမ်း စာအုပ်များ၊       အသိပညာပေးလက်ကမ်းစာအုပ်၊ စာစောင်များကို       ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်