ပြည်ထောင်စုလှေကို စီးကြစို့
c ရှမ်း ချင်း ကချင် မွန် ကရင်
စုပေါင်းလှေပေါ်တွင်၊
သွေးချင်းစုံလင် တို့ကယား
ဗမာ ရခိုင်သား။
c စုပေါင်းအားနဲ့ ခရီးနှင်
သွေးစည်းချစ်ချစ်ခင်၊
ထာဝစဉ် ညီနောင်များ
တို့ပြည်ထောင်စုသား။
c ကြိုးစားရိုးသား နိုးကြားစွာ
တို့များ အားသွန်ကာ၊
ချစ်ကြည်စွာ တူလှော်လျက်
တို့များခရီးဆက်။
c တို့ပြည်အတွက် တို့သွေးတွေ
စည်းလုံးညီညွတ်နေ၊
ပြည်ထောင်စုလှေလှော်ကြစမ်း
ပန်းတိုင်ရောက်ဖို့လှမ်း။
c ပြည်ထောင်ငြိမ်းချမ်း
ခိုင်မြဲအောင်
ပြည်ချစ်စိတ်ကိုဆောင်၊
တို့များပြည်ထောင် စုစုစည်း
ပြည်ထောင်စုလှေကိုစီး။
ပန်းတိုင်ရောက်ဖို့နီး ။ ။
မောင်လေပြေ(တောင်တွင်း)



