ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းဖြစ်

 

ရန်ကုန်  စက်တင်ဘာ  ၉


ပြည်ထောင်စု  စာရင်းစစ်ချုပ်ရုံး သည်    ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု   မရှိစေရေးနှင့် နိုင်ငံတော်    နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့     အတွက် စစ်ဆေးခြင်းဖြင့်  ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ပိုမိုအားကောင်းခိုင်မာ စေရန်  ထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းတစ်ရပ်      ဖြစ်ပါ ကြောင်း၊   သို့ပါ၍   ဝန်ထမ်းများ အနေဖြင့် မိမိတို့ လုပ်ငန်းတာဝန် ၏လေးနက်မှုကို ကောင်းစွာသိရှိ နားလည်၍ ဂုဏ်ယူစွာဆောင်ရွက် ကြစေလိုပါကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်   ဦးတင်ဦး  က ပြောကြားသည်။

 


ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်း စစ်ချုပ်ရုံး၊ ခရိုင်၊ မြို့နယ် စာရင်း စစ်     ရုံးဝန်ထမ်းများ     တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ်    ဦးတင်ဦး  က ထိုကဲ့သို့     ပြောကြားခဲ့ခြင်းဖြစ် သည်။ 

 


ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်သူ့ဘဏ္ဍာ ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်း စီမံကိန်းများ၏အကျိုးကို ပြည်သူ များ ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်စေ ရန်အတွက်   တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြား ချက်များနှင့်အညီ  ထိရောက်စွာ စီမံခန့်ခွဲနိုင်မှု၊ အချိန်နှင့်တစ်ပြေး ညီ  အကောင်အထည်ဖော် ဆောင် ရွက်နိုင်မှုတို့ကို     အလေးထား စစ်ဆေးရန်  လိုအပ်ပါကြောင်း၊ ထို့အပြင် စစ်ဆေးတွေ့ရှိချက်များ ၏     အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်ရသည့်  အကြောင်းအရာ များကို စိစစ်ဖော်ထုတ်၍ သုံးသပ် အကြံပြုချက်များဖြင့်    အရည် အသွေးပြည့်ဝသည့်   စစ်ဆေး တွေ့ရှိချက်   အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန်လည်း လိုအပ်ပါ ကြောင်း၊  စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ရာတွင်   စာရင်းစစ် ကျင့်ဝတ်သိက္ခာ   စောင့်ထိန်းမှု နှင့်   သတင်းအချက်အလက်များ လုံခြုံမှုတို့ကို အထူးဂရုပြုဆောင် ရွက်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက်     နိုင်ငံတော် အပေါ်      သစ္စာစောင့်သိလျက် မွန်မြတ်သော စိတ်စေတနာများ ဖြင့် ပြည်သူ့အကျိုးရှေးရှုဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုပါ ကြောင်း မှာကြားသည်။ 

 


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး  ညွှန်ကြား ရေးမှူးများက     ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား      အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ရသုံးမှန်းခြေငွေစာရင်း အကောင် အထည်ဖော်မှု   အခြေအနေတို့ ကို        ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို   ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ပြီး  နိဂုံးချုပ်အမှာစကား   ပြော ကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်