ပြည်ထောင်စုအကျိုးကို ရှေးရှု၍ လေးလေးနက်နက် ဆွေးနွေးဆောင်ရွက်ကြရမည်

 

နေပြည်တော်   အောက်တိုဘာ   ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည်  မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား     ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။

 


အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး    မြထွန်းဦး၊   ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊    ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်တို့ တက်ရောက်ကြပြီး    မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌနှင့်အတူ    (NMSP)  ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်     နိုင်ဗညားလယ်နှင့်    ဗဟို ကော်မတီဝင်   နိုင်အမ်စိုက်ချမ်းတို့   တက်ရောက် ကြသည်။

 


ရှင်းလင်းဆွေးနွေး


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်    သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှု များကို      မည်သည့်ကန့်သတ်ချက်မျှမထားရှိဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရန် ဖိတ်ခေါ်ဆွေးနွေး ခဲ့ခြင်းဖြစ်သည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်         တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး      သဘောတူစာချုပ်(NCA) တို့ကိုအခြေခံ၍    ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည့်   အခြေအနေများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏   တောင်းဆိုချက်များ၊  ဒေသနှင့် တိုင်းပြည် အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက် သည်များကို ပွင့်လင်းစွာဖြင့် အကျေအလည်ဆွေးနွေး သွားမည်ဖြစ်ပြီး   ပြည်ထောင်စုအကျိုးကို  ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် လေးလေးနက်နက် ဆွေးနွေး ဆောင်ရွက်သွားကြရန်လိုသည့်     အခြေအနေများ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ         တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားသည်။ 

 


တင်ပြဆွေးနွေး


ထို့နောက်   မွန်ပြည်သစ်ပါတီ(NMSP)  ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယခုကဲ့သို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခွင့်ရပြီး   မည်သည့် ကန့်သတ်ချက်မျှမထားရှိဘဲ ဆွေးနွေးခွင့်ရရှိသည့် အတွက် အားရကျေးဇူးတင်ရှိသည့် အခြေအနေများ၊   မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကို          ရည်မှန်းချက်ထားပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင်   အစဉ်တစိုက် ပါဝင်လျှောက်လှမ်းနေသည့်       အခြေအနေများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှု များကို  နိုင်ငံရေးအရသာ  ဆွေးနွေးဖြေရှင်းရေးကို လည်း  ရပ်တည်လျက်ရှိသည့်   အခြေအနေများနှင့်  ပတ်သက်၍    သဘောထားအမြင်များကို   တင်ပြ ဆွေးနွေးသည်။ 

 


ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဒီမိုကရေစီစနစ်တွင် လွှတ်တော် သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသား များအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများ ကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်လာရမည် ဖြစ်သည့် အခြေအနေများ၊ ပါတီများကို ခွဲခြမ်းစိတ်ဖြာ ကြည့်ပါက နိုင်ငံရေးကို အခြေခံသည့်ပါတီ၊ ဒေသကို ကိုယ်စားပြုသည့်ပါတီ၊ တိုင်းရင်းသားကို ကိုယ်စား ပြုသည့်ပါတီဟူ၍ရှိပြီး မိမိတို့တစ်ဖွဲ့တည်း၊ တစ်ပါတီ တည်း    ကြည့်၍မရဘဲ    ပြည်ထောင်စုစိတ်ဖြင့် ပြည်ထောင်စုအကျိုးကို   ရှေးရှုဆောင်ရွက်ကြရန် လိုသည့်အခြေအနေများနှင့်ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ် များ၊     ဒေသဖွံ့ဖြိုးရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ပတ်သက်၍  နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 


စုပေါင်းဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား       အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး  တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

 


အဆိုပါ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့်           ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို     ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။        
   

သတင်းစဉ်