ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၄/ ၂၀၂၂)
၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်
(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။    ဤဥပဒေကို  ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ ဟု  ခေါ်တွင်စေရမည်။
၂။    ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “ (ခ)     ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် သည်  ရာထူး အလျောက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး 
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ