ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်းနှင့် မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားများ ကျင်းပ

 

နေပြည်တော်   မတ်   ၂၈ 


ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်းများ ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း၊  သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ကျင်းပသည်။

 


သင်တန်းဆင်းပွဲသို့   ဒုတိယဝန်ကြီး  ဗိုလ်ချုပ် တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်   ဗိုလ်ချုပ်  ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာမ များနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း များ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစု ဝင် သင်တန်းသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ အခြေခံအဘိဓမ္မာသင်တန်း၊ သင်တန်း ဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက   အမှာစကားပြောကြားသည်။  ထို့နောက် ဒုတိယဝန်ကြီးနှင့်    တာဝန်ရှိသူများက   သင်တန်း နည်းပြ     ဆရာမများကို    ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက် ခဲ့ကြသည့်     သင်တန်းသူများကို    ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


အဆိုပါ အခြေခံအဘိဓမ္မာသင်တန်းကို ပြည်ထဲ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ     တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊     တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင် သင်တန်းသူ စုစုပေါင်း ၆၄၃ ဦး တက်ရောက်ခဲ့ကြသည်။

 


ယင်းနောက်      ယဉ်ကျေးလိမ္မာသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို   နေပြည်တော်ရှိ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာ ခန်းမ၌    ဆက်လက်ကျင်းပရာ   ဒုတိယဝန်ကြီး ဗိုလ်ချုပ်    တိုးရီက  အမှာစကားပြောကြားသည်။

 

ထို့နောက်   ဒုတိယဝန်ကြီးနှင့်  တာဝန်ရှိသူများက သင်တန်းနည်းပြ  ဆရာ/ဆရာမများကို  ဂုဏ်ပြု အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူ၊ ကျောင်းသား    ကျောင်းသူများကို   ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီး၊ ကျောင်းသား ကျောင်းသူများ အနက် Grade(2) မှ Grade(12) အထိ စုစုပေါင်း ၄၆၉ ဦးကို တန်းခွဲလေးခုခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။


သတင်းစဉ်