
နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံ များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ထန်းတပင်တောရ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ်ရှိ မြို့မရွှေဂူကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ရွှေဟင်္သာတောရ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဝါးခယ်မကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့ နယ်ရှိ ဘီးလင်းတိုက်သစ်ပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကောင်းဆုဝေ ကျောင်းတိုက်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ ရတနာမဏ္ဍိုင်ပရိယတ္တိ စာသင်တိုက်နှင့် သာကေတ မြို့နယ်ရှိ ဇေတဝန်စာသင်တိုက် တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ရှိ ငြိမ်းချမ်းရေးပရိယတ္တိ စာသင် တိုက်နှင့် အောင်မြေသာစံမြို့နယ် ရှိ ရွှေရတနာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ သဒ္ဓမ္မသိင်္ဂီဗောဓိသုခ ပရိယတ္တိစာသင်တိုက်နှင့် သင်္ဃန်း ကျွန်းမြို့နယ်ရှိ ရတနာသိင်္ဂီ ခရမ်း ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရှိ လွယ်ခမ်းပါမိုးနဲ ကျောင်းတိုက် နှင့် လားရှိုးမြို့နယ်ရှိ မဟာဗောဓာရုံ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းသည်။
သတင်းစဉ်