ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၂၈    

 

ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ ဝင်/ဝန်ထမ်း   အရာထမ်း၊  အမှု ထမ်းမိသားစုများက     မြို့နယ် အသီးသီးရှိ     ဘုန်းတော်ကြီး ကျောင်းများသို့  ဆွမ်းဆန်တော် နှင့်   ဆန်ကြာဆံများ   ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 


ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ  နန္ဒ ဝန်ကျောင်းတိုက်၊  စစ်ကိုင်းတိုင်း ဒေသကြီး    စစ်ကိုင်းမြို့နယ်ရှိ မဟာသုဗောဓာရုံပရိယတ္တိ စာသင် တိုက်၊ မွန်ပြည်နယ်  မော်လမြိုင် မြို့နယ်ရှိ  ရိုးဂိုးကျောင်းဟောင်း ကျောင်းတိုက်၊    ရန်ကုန်တိုင်း ဒေသကြီး၊    ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့နယ်ရှိ       ရှင်မတောင် ကျောင်းတိုက်၊       မင်္ဂလာဒုံမြို့နယ်ရှိ   တိပိဋက     မဟာသစ္စာအောင်မြေ ကျောင်းတိုက်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ    ခေမာသီဝံကျောင်း တိုက်နှင့်  သာကေတမြို့နယ်ရှိ အောင်သီတာ    ပရိယတ္တိစာသင် တိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်းဒေသ ကြီး   ပခုက္ကူမြို့နယ်ရှိ  ဆုကြီးပန် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး       ပြည်ကြီးတံခွန်မြို့နယ် ရှိ  သရက်ပင်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ   နိုင်ငံ တော်      ပရိယတ္တိသာသနာ့ တက္ကသိုလ်၊    ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ပုသိမ်ကျောင်း တိုက်၊   ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ        ဆုထူးပန် ကျောင်းတိုက်၊   ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ     ဘုရား ကြီး  အနောက်ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ    ရွှေပြည်အေး ဝိပဿနာ          ဓမ္မရိပ်သာတို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊    သံဃာတော်များ အတွက်     တာဝန်ရှိသူများက သွားရောက်ဆက်ကပ်  လှူဒါန်း ကြကြောင်း သိရသည်။


သတင်းစဉ်