ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၂၄


ပြည်ထဲရေးဝန်ကြီးဌာန   တပ်ဖွဲ့ ဝင်/ဝန်ထမ်း   အရာထမ်း၊   အမှု ထမ်းမိသားစုများက     မြို့နယ် အသီးသီးရှိ        ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ         ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ        ဇေယျာသီရိမြို့နယ်ရှိ ရတနာစံ  ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ကတိုးမဟာရင်        စာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်၊  ဒေါပုံမြို့ နယ်ရှိ ရတနာဉာဏ်ရောင်ကျောင်း တိုက်၊   မြောက်ဥက္ကလာပမြို့နယ် ရှိ   ဓမ္မာလင်္ကာရကျောင်းတိုက်၊ ရန်ကင်းမြို့နယ်ရှိ  ကျောက်ကုန်း ကျောင်းကြီး      ကျောင်းတိုက်၊ အင်းစိန်မြို့နယ်ရှိ     မဟာမြိုင် သာသန ဝိပုလကာရီကျောင်းတိုက် နှင့်    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ          ဓာတုဝိဇ္ဇာ ပရိယတ္တိ     စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကို   လည်း ကောင်း၊    ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ သာသနာ့ဇောတိက ကျောင်းတိုက်၊    မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် ရှိ      ပေါ်တော်မူကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင် မြေတံခွန်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး ပုဇွန်တောင်မြို့ နယ်ရှိ မြသိန်းတန်ကျောင်းတိုက် နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ နယ်ရှိ သာသနောဒယကုန်းလှိုင် ကျောင်းတိုက်နှင့် လားရှိုးမြို့နယ် ရှိ နတ်ရေကန်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း တာဝန်ရှိသူများက   သွားရောက် ဆက်ကပ်    လှူဒါန်းကြကြောင်း သိရသည်။              

 သတင်းစဉ်