
နေပြည်တော် ဧပြီ ၁
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း ဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ မိုဃ်းကောင်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ဘုန်းဘုရားကျောင်းတိုက်၊ တာမွေ မြို့နယ်ရှိ အရိယာမဂ္ဂင်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဓမ္မစေတီထေရဝါဒပရိယတ္တိစာသင်တိုက်၊ ရွှေပြည်သာမြို့နယ်ရှိ ရတနာ ပန်းကုံးကျောင်းတိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ ကျွန်းကလေး ပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ရှိ ကျိုင်းလဲကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ မဟာဂန္ဓဝင်အုန်းတောကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မတ္တရာကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပြည်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ညောင်တုန်းကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ သီရိမင်္ဂလာရွှေမန်းကျောင်းတိုက်နှင့် လားရှိုး မြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်း ကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်