ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊  အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ မြို့မကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ  ဓမ္မစေတီ(မွန်)ကျောင်းတိုက်(ယာပုံ)၊   ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ       ရွှေလှိုင်ပရိယတ္တိစာသင်တိုက်၊    ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ ရှင်မတောင်ပရိယတ္တိစာသင်တိုက်၊ လှိုင်မြို့နယ်ရှိ ဝါယာလက်ဘုန်းတော်ကြီးကျောင်းတိုက်နှင့်      အင်းစိန်မြို့နယ်ရှိ မဟာမြိုင်ကျောင်းတိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ  ဓမ္မောဒယ ကျောင်းတိုက်၊    ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့နယ်ရှိ   မင်္ဂလာ အောင်မြေကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ရတနာသိဒ္တိပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာဝိဇယရံသီစလေ ကျောင်းတိုက်၊    ပြည်ကြီးတံခွန်မြို့နယ်ရှိ   ရွှေလှေကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ပင်လယ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ   မဟာဓမ္မိကာရာမကျောင်းတိုက်နှင့်   လားရှိုး မြို့နယ်ရှိ ပါရမီကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။                

                 

 သတင်းစဉ်