
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ နံတော်စဉ်ပရိယတ္တိစာသင်တိုက်နှင့် လေသာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မြစင်္ကြာပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိန်မမ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်ရှိ ခေမာသိဒ္ဓိမင်းကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ ညောင်ရိပ်သာကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ မြတ်သန္တာ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ သာသနာ့ဟိတကာရီ ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ မဟာဝိဇယာရာမကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အရှေ့အလယ်ကိုင်း ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မင်္ဂလာရာမရွှေဘို ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ စွယ်တော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်နှင့် လားရှိုး မြို့နယ်ရှိ မန်ဆူဘုရားကြီးကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။ သတင်းစဉ်